www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 18, 2013

နော်ဝေနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေအရ အမျိုးသမီးများကို စစ်မှုထမ်းဆောင် သွားစေမည်





၁၈-၆-၂၀၁၃

နော်ဝေနိုင်ငံ တွင် စစ်မှုမထမ်း မနေရ ဥပဒေအရ အမျိုးသမီး များကို စစ်မှု ထမ်းဆောင် စေရေး အတွက် ပါလီမန်တွင် မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြု ခဲ့ကြောင်း ဇွန်လ ၁၆ ရက်နေ့ Reuters သတင်း တစ်ပုဒ်အရ သိရသည်။ သို့ဖြစ်၍ နော်ဝေ နိုင်ငံသည် ကျား ၊ မ မရွေး စစ်မှု မထမ်းမနေရ ဥပဒေအရ အမျိုးသမီး များအား စစ်မှုထမ်းဆောင် စေသည့် ပထမဆုံး NATO အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အဖြစ် ပေါ်ထွက် လာမည်ဟု သိရသည်။

စစ်မှုထမ်းဆောင် ရာတွင် ကျား ၊ မ မရွေး အခွင့်အရေး နှင့် တာဝန်များ တန်းသူ ရရှိမည် ဖြစ်ကြောင်း အလုပ်သမား ရေးဆိုင်ရာ ဥပဒေ ပြုအမမတ် Liala Gustavsen က ပြောကြား ခဲ့သည်။ နော်ဝေနိုင်ငံ သည် ကျား ၊ မ မရွေး သာတူညီမျှ ရှိရေးအတွက် ပထမဆုံး ဆောင်ရွက်ခဲ့သည့် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပြီး အရပ်ဘက် ကုမ္ပဏီ များတွင်လည်း ၄၀ ရာခိုင်နှုန်း ခန့်ကို အမျိုးသမီး များအား တာဝန် ပေးထားကြောင်း သိရသည်။ လက်ရှိ အစိုးရ အဖွဲ့တွင်လည်း ထက်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်ပြီး အတိုက်အခံ ခေါင်းဆောင် Erna Solberg အနေဖြင့်လည်း ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲ တွင် အနိုင်ရရှိပြီး နိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီး ၀န်ကြီးချုပ် တစ်ဦး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

နော်ဝေနိုင်ငံ သည် စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးချိန် ကတည်းက စ၍ စစ်ဘက်အင်အား လျော့ချမှုများ ပြုလုပ် ခဲ့သော်လည်း ခေတ်မီ တပ်မတော် အဖြစ် တည်ရှိစေရေး အတွက် နည်းပညာ ပိုင်းဆိုင်ရာ နှင့် ပတ်သက်ပြီး အသုံးစရိတ်များ တိုးမြှင့် သုံးစွဲ ခဲ့ကြောင်း သိရသည်။ လက်ရှိ အချိန်တွင် နော်ဝေ စစ်ဘက်၌ အမျိုးသမီး စစ်မှုထမ်းများ ရှိသော်လည်း ၄င်းတို့မှာ မိမိသဘော ဆန္ဒ အလျှောက် စစ်မှုထမ်း ဆောင်သူများ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger