www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 19, 2013

အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံမှ ရဟတ်ယာဉ်များ ၀ယ်ယူရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း


ရုရှားနိုင်ငံလုပ် Mi-17V5

၁၉-၆-၂၀၁၃

ရုရှား နှင့် အမေရိကန် နိုင်ငံတို့သည် အာဖဂန် စစ်ဘက်သို့ ရုရှားလုပ် Mi-17 ရဟတ်ယာဉ်များ လွှဲပြောင်း ပေးအပ်ရေး အတွက် သဘောတူ စာချုပ်တစ်ရပ် အား လက်မှတ် ရေးထိုး ခဲ့သည်ဟု ဇွန်လ ၁၇ ရက်နေ့ NEWS now သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ သဘောတူညီ ချက်ကို ရုရှားနိုင်ငံ ၏ Rosoboronexport ကုမ္ပဏီ နှင့် အမေရိကန် စစ်ဘက်တို့ အကြား ဇွန်လ ၁၆ ရက်နေ့၌ ပြင်သစ် နိုင်ငံ ပဲရစ်မြို့ တွင် သဘောတူ လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံ ၏ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဌာနက ပြောကြား ခဲ့ကြောင်း သိရသည်။ သဘောတူ လက်မှတ် ရေးထိုးထားသည့် ကန်ထရိုက် စာချုပ်အရ ရောင်းချ ပေးရမည့် ရဟတ်ယာဉ် အရေအတွက် မှာ အစင်း ၃၀ ဖြစ်ကြောင်း Rosoboronexport ကုမ္ပဏီ ၏ ဒုတိယ အကြီးအကဲ Alexander Mikheyev က ပြောကြား ခဲ့သည်။

၂၀၁၁ ခုနှစ် အတွင်းကလည်း Rosoboronexport ကုမ္ပဏီနှင့် အမေရိကန် ကာကွယ်ရေး ဌာနတို့သည် အာဖဂန် စစ်ဘက်အား Mi-17 V5 ရဟတ်ယာဉ် ၂၁ စင်း လွှဲပြောင်း ပေးအပ်ရန် အမေရိကန် ဒေါ်လာ ၃၆၇ ဒသမ ၅ သန်း တန်ဖိုးရှိ သဘောတူညီ ချက်တစ်ရပ် အား လက်မှတ် ရေးထိုးခဲ့ကြကြောင်း နှင့် အပိုပစ္စည်းများ လွှဲပြောင်း ပေးအပ်မှု နှင့် ပြုပြင် ထိန်းသိမ်းမှု အပါအ၀င် ၄င်းစာချုပ် တစ်ခုလုံး ၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၉၀၀ ရှိကြောင်း သိရသည်။

ထို့အပြင် ၄င်း သဘောတူညီချက် အရ နောက်ထပ် ရဟတ်ယာဉ် ၁၂ စင်း ရောင်းချပေးရန် လည်း ထပ်မံ သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပြီး အဆိုပါ ရဟတ်ယာဉ် ၁၂ စင်းကို ၂၀၁၃ ခုနှစ် အကုန်တွင် လွှဲပြောင်း ပေးအပ်ရမည် ဖြစ်ကြောင်း Rosoboronexport ကုမ္ပဏီက ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger