www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, June 8, 2013

ရခိုင်ပြည်နယ်အတွင်း လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်များသို့ လက်တွန်းထွန်စက်ငယ်များ ဖြန့်ဝေ


စစ်တွေ ၊ ၈-၆-၂၀၁၃

ရခိုင်ပြည်နယ် အတွင်း လူမှုဘ၀ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် အသက်မွေး ၀မ်းကျောင်း အထောက်အကူ ပြု တစ်ရပ် အနေဖြင့် လယ်ယာ လုပ်ငန်းခွင် တွင် အသုံးပြုရန် စက်မှု ၀န်ကြီးဌာန မှ ပေးပို့သော ထွန်စက်ကြီး နှစ်စီး နှင့် ထွန်ယက် ကိရိယာများ ၊ လက်တွန်း ထွန်စက်ငယ် ၂၈၈ စီး နှင့် ထွန်ယက် ကိရိယာများ ကို စစ်တွေမြို့ ရွှေမင်းဝံ ဆိပ်ကမ်း မှတစ်ဆင့် စက်မှုဝန်ကြီးဌာန နှင့် ပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ ၀န်ထမ်းများက မေလ ၂၆ ရက်နေ့တွင် ပေါက်တော မြို့နယ်သို့ လက်တွန်း လယ်ထွန်စက်ငယ် ၅၃ စီး ၊ မေလ ၂၇ ရက်နေ့တွင် မောင်တော မြို့နယ်သို့ ၂၀ စီး ၊ ရမ်းဗြဲ မြို့နယ်သို့ ၂ စီးနှင့် ကျောက်တော် မြို့နယ် သို့ ၃၀ စီး ၊ မေလ ၂၈ ရက်နေ့တွင် မြောက်ဦး မြို့နယ်သို့ ၆ စီး နှင့် မင်းပြား မြို့နယ် သို့ ၂၈ စီး ၊ ဇွန်လ ၃ ရက်နေ့တွင် ရသေ့တောင် မြို့နယ်သို့ ၈ စီး ၊ စစ်တွေ မြို့နယ်သို့ ၄ စီး တို့အား သတ်မှတ် နေရာ အသီးသီး သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။ ပြည်နယ် အရန်အတွက် လက်တွန်း လယ်ထွန်စက်ငယ် ၆၀ စီးအား ထားရှိ ဆောင်ရွက် ထားကြောင်း နှင့် ဖြန့်ဝေ ပေးပို့ရန် ကျန်ရှိ နေသေးသော မြေပုံမြို့နယ် အတွက် ၈ စီး နှင့် မောင်တော မြို့နယ် အတွက် ၁၃ စီး တို့ကို အချိန်မီ ပေးပို့ နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ထိုသို့ ရခိုင်ပြည်နယ် အတွင်း လူမှုဘ၀ ဖွံ့ဖြိုး တိုးတက် စေရေး အတွက် စက်မှုဝန်ကြီး ဌာနမှ ပေးပို့ ထားသော လက်တွန်း လယ်ထွန်စက် များကို မြို့နယ်များမှ ဒေသခံ တောင်သူများ ကျွမ်းကျင် ပိုင်နိုင်စွာ မောင်းနှင် အသုံးပြု တတ်စေရန် အတွက် ရခိုင်ပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ ကျွမ်းကျင် ၀န်ထမ်းများက ထွန်စက်မောင်း သင်တန်းများကို အဆိုပါ မြို့နယ် များတွင် မေလ အတွင်း ၆ ကြိမ် ဖွင့်လှစ် သင်ကြား ပေးခဲ့ပြီး ဇွန်လ အတွင်း ၃ ကြိမ် ထပ်မံ ဖွင့်လှစ်ရန် စီစဉ် ထားရှိကြောင်း ပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger