www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 7, 2013

မကြာမီ ဖွင့်လှစ်နိုင်တော့မည့် လှည်းတန်းစင်တာ


ရန်ကုန် ၊ ၇-၆-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ် လှည်းတန်း လမ်းဆုံရှိ လွန်ခဲ့သော နှစ်က အစပြု တည်ဆောက် ခဲ့သော လှည်းတန်း စင်တာကြီး သည် ၈၀ ရာခိုင်နှုန်း နီးပါး ရုပ်လုံးဖော် တည်ဆောက် ပြီးစီး သွားပြီ ဖြစ်ပြီး ယခုအခါ ကျန်ရှိ နေသေးသော အဆောက်အအုံ အတွင်းပိုင်း ကို မွမ်းမံ တန်ဆာဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက် နေပြီ ဖြစ်ကြောင်း တာဝန်ယူ ဆောက်လုပ် နေသော အေးရှားဝေါ ဆောက်လုပ်ရေး မှ ၀န်ထမ်း တစ်ဦး၏ ပြောကြားချက် အရ သိရသည်။


အဆိုပါ လှည်းတန်း စင်တာကြီး တွင် မြေအောက် နှစ်ထပ် နှင့် မြေအပေါ် ကိုးထပ် စုစုပေါင်း ၁၁ ထပ်ရှိပြီး မြေအောက် ကားရပ်နား ရန်နေရာ ၊ ဆိုင်ခန်းများ ၊ လူနေ အိမ်ခန်းများ ၊ ကုမ္ပဏီ ရုံးခန်းများ နှင့် စူပါ မားကက်တို့ ပါဝင်မည် ဖြစ်သည်။ ထို့အပ်ြင ခေတ်မီ CCTV ကင်မရာများ ၊ အလိုအလျှောက် အဖွင့်အပိတ် စနစ်သုံး မှန်တံခါးမ ကြီးများ လည်း တပ်ဆင် ထားရှိမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လှည်းတန်း စင်တာကြီး တွင်ရှိသော အခန်း နေရာများ ကို ၀ယ်ယူ - ငှားရမ်းလိုလျှင် ရန်ကုန်တိုင်း ဒေသကြီး ၊ လမ်းမတော် မြို့နယ် ၊ ဗဟိုရ်စည် အိမ်ရာဝင်း အတွင်းရှိ အေးရှားဝေါ ရုံးချုပ် သို့ သွားရောက် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger