www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, June 29, 2013

မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို) ၏ အုပ်စုပန်းချီပြပွဲကျင်းပ


ရန်ကုန် ၊ ၂၉-၆-၂၀၁၃

ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ဈေး၌ ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို) ပန်းချီပြခန်း ၌ ရန်ကုန် မြို့တွင်းရှိ မြို့နယ် ပေါင်းစုံမှ မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး အဖွဲ့ဝင် ပန်းချီ ဆရာများ၏ လက်ရာ ပန်းချီကား များအား ချိတ်ဆွဲပြသ သွားမည့် အုပ်စုပန်းချီ ပြပွဲကို ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၃ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းချီ ပြပွဲတွင် နာမည်ကျော် ၀ါရင့် ပန်းချီ ဆရာကြီးများ ဖြစ်ကြသော ဦးသပြေ မြင့်သိန်း ၊ ဦးဥာဏ်ကျယ် ၊ ဦးမောင်မောင် တင်ဦး ၊ ဦးဇော်ဝင်း (ပိုစတာ) ၊ ဦးဇော်ဝင်း ( KMD ) စသည်တို့ အပါအ၀င် ပန်းချီဆရာ ၄၈ ဦးတို့ ရေးဆွဲ ထားသည့် ရေဆေး ၊ ဆီဆေး ၊ အခဲလစ်ဆေး ပန်းချီကားများ ကို ချိတ်ဆွဲ ပြသထားပြီး စုစုပေါင်း ပန်းချီကား အရေအတွက် ၈၀ ချပ်နီးပါး ရှိသည်ဟု သိရသည်။

ပန်းချီကား များတွင် မြန်မာနိုင်ငံ အတွင်းရှိ စေတီပုထိုး ဘုရားများ ၊ ရေမြေ တောတောင် သဘာဝ ရှုခင်းများ ၊ တိုင်းရင်းသား လူမျိုးများ ၊ ကျေးငှက် တိရစ္ဆာန်များ အစရှိသော ရုပ်ပုံများကို လက်ရာမြောက်စွာ သရုပ်ဖော် ရေးဆွဲ ထားသည်ကို တွေ့ရှိရသည်။


ပန်းချီကားများ ၏ ဈေးနှုန်း များကိုမူ မြန်မာငွေ ၊ အမေရိကန် ဒေါ်လာ စသည်ဖြင့် အစားစား သတ်မှတ် ထားသည်။ ၄င်း ပန်းချီပြပွဲ ကို ဗိုလ်ချုပ်ဈေး ပိတ်ရက် ဖြစ်သော တနင်္လာနေ့ မှအပ ကျန်ရက်များ တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသ ထားမည် ဖြစ်ရာ မည်သူမဆို အခမဲ့ ၀င်ရောက် ကြည့်ရှု လေ့လာ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger