www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 29, 2013

မြန်မာ - အိန္ဒိယ ကုန်စည်ပြပွဲ ၂၀၁၃ MYANMAR - INDIA TRADE FAIR 2013 မုံရွာမြို့တွင်းကျင်းပ


မုံရွာ ၊ ၂၉-၅-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ ၊ မြို့တော်ခန်းမ တွင် မြန်မာ - အိန္ဒိယ ကုန်စည်ပြပွဲ ၂၀၁၃ MYANMAR - INDIA TRADE FAIR 2013 ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ၊ အိန္ဒိယ နိုင်ငံ ၊ မဏိပူရ ပြည်နယ် ၀န်ကြီးချုပ် Mr. O . Ibobi Sing ၊ အိန္ဒိယ နိုင်ငံ နာဂလင်း ၊ မီဖိုရမ် ပြည်နယ် တို့မှ တာဝန်ရှိ သူများ ၊ အိန္ဒိယ နိုင်ငံ ကောင်စစ်ဝန်ချုပ် Dr. Madan Mohansethi နှင့် တာဝန်ရှိသူများ ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ တိုင်းဒေသကြီး ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ၊ အိန္ဒိယ နိုင်ငံမှ ကုန်သည်ကြီးများ ၊ စက်မှု လုပ်ငန်းရှင်များ မြန်မာနိုင်ငံ စက်မှု လုပ်ငန်းရှင်များ ၊ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

ကုန်စည်ပြပွဲ အား တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ၊ အိန္ဒိယ နိုင်ငံ ၊ မဏိပူရ ပြည်နယ် ၀န်ကြီးချုပ် Mr. O . Ibobi Sing တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ခန်းမ အတွင်း ခင်းကျင်း ပြသထားသော ပြခန်းများအား လှည့်လည် ကြည့်ရှု အားပေး ခဲ့သည်။


အဆိုပါ ကုန်စည်ပြပွဲ တွင် အိန္ဒိယ နိုင်ငံမှ လယ်ယာသုံး စက်ပစ္စည်းများ ၊ ကားအကျိုးဆောင် ကုမ္ပဏီများ ၊ မိုဘိုင်းလ်ဖုန်း နှင့် ဆက်စပ် ပစ္စည်းများ ၊ မြန်မာစဥ့်ထည် ပစ္စည်းများ ၊ တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် များမှ ထုတ်ကုန်များ ၊ သစ်တောထွက် ပစ္စည်းများ နှင့် အခြား ထွက်ကုန် များကို ပြသထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger