www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 26, 2013

CDMA ဟန်းဆက် ရှားပါးမှု အခက်အခဲ ကြုံတွေ့နိုင်



ရန်ကုန် ၊ ၂၆-၄-၂၀၁၃

၁၅၀၀ တန် SIM Card ထွက်ရှိ လာသည့် အတွက် ရန်ကုန်မြို့ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် အများစု၌ ဟန်းဆက်များ ရောင်းရ သော်လည်း CDMA ဟန်းဆက် ရှားပါးမှုကြောင့် ၀ယ်ယူသူ များ အနေဖြင့် အခက်အခဲ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

လက်ရှိ တန်ဖိုးကျပ် ၂၀၀၀၀ ၀န်းကျင် ပျမ်းမျှ ရှိသည့် CDMA ဟန်းဆက် အများစုမှာ တရုတ် နှင့် ထိုင်ဝမ် မှ တင်သွင်းခြင်း ဖြစ်ပြီး ကိုရီးယား မှ တင်သွင်းသည့် ဟန်းဆက် များသည် အနိမ့်ဆုံး ကျပ် ၂၅၀၀၀ ၀န်းကျင် ရှိကြောင်း ဖုန်းဈေးကွက် အတွင်းက သိရသည်။ ဟန်းဆက် အရောင်းဆိုင် အများစုသည် မော်ဒယ်လ်မြင့် ဟန်းဆက် များကိုသာ အဓိကထား ရောင်းချ နေကြပြီး ဈေးနှုန်း သင့်တင့်သည့် ဟန်းဆက်များ ရောင်းချမှု နည်းပါးကြောင်း ဟန်းဆက် ၀ယ်ယူသူ တို့က ဆိုသည်။ မော်ဒယ်လ်မြင့် ဟန်းဆက် များ၏ အားသာချက် မှာ တစ်ခုခု ပျက်ပါက ပြန်ပြင် ၊ ပြန်လဲ နိုင်ကြောင်း ၊ ဈေးနည်း ဟန်းဆက် များသည် ဈေးနည်းသည့် အားသာချက် တစ်ခုသာ ရှိပြီး ရေရှည်တွင် ချို့ယွင်း သွားပါက ပြန်လည် ပြုပြင်၍ မရနိုင်ကြောင်း ၊ နောက်တစ်လုံး ထပ်မံ ၀ယ်ယူ အသုံးပြု ရကြောင်း မော်ဒယ်လ်မြင့် ဟန်းဆက် သုံးသူများ ထံမှ သိရသည်။

လက်ရှိ ရောင်းချ ပေးသည့် ၁၅၀၀ SIM Card အတွက် CDMA ဟန်းဆက်များ ဈေးနှုန်း အမြင့်ဆုံးမှာ ကျပ် တစ်သိန်း ၀န်းကျင်မှ နှစ်သိန်းခန့် အထိ ရှိပြီး Huawei နှင့် Samsung အမျိုးအစား များ ဖြစ်ကြောင်း ဟန်းဆက် အရောင်းဆိုင် များမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger