နေပြည်တော် ၊ ၉-၄-၂၀၁၃
ဆက်သွယ်ရေး နှင့် သတင်းအချက် နည်းပညာ
ဝန်ကြီးဌာန ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာ - ရုရှား သံတမန် ဆက်ဆံရေး ၆၅ နှစ်မြောက်
အထိမ်းအမှတ် ကျပ် ၅၀၀ တန် အထူးထုတ် စာပို့ တံဆိပ်ခေါင်း သစ်ကို တိုင်းဒေသကြီး ၊ ပြည်နယ်
၊ ခရိုင် ၊ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲမှ
စတင်၍ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
အထူး အစီအစဉ် တစ်ရပ် အနေဖြင့် နေပြည်တော်
ဗဟို စာတိုက်ကြီး ၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီး တို့၌ ဧပြီလ ၁၀ ရက်တွင်
ဝယ်ယူသော စာပို့ တံဆိပ်ခေါင်း များပေါ်၌ နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ် ပေးမည်
ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment