အင်းလေး
၊ ၁၈-၄-၂၀၁၃
ရှမ်းပြည်နယ်
(တောင်ပိုင်း) ညောင်ရွှေ မြို့နယ်ရှိ ၂၀၁၂ ခုနှစ် မတ်လ ၄ ရက်မှစ၍ ပင့်ဆောင် ပူဇော်ခဲ့သည့်
ရင်ငွေ့လှုံ အင်းလေး ဖောင်တော်ဦး ဘုရား အဆူတို့မှ အလယ်အဆူ (နံပတ် ၁) ကကုသန္ဓ ဒက္ခိဏ သာခါဘုရား
၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် ညဆီမီး ကပ်လှူ ပူဇော်ချိန်၌ ဆံတော်များကို စတင် တွေ့ရှိ
ဖူးမြော် ခဲ့ရသည် ဟု အင်းလေး ဖောင်တော်ဦး ဘုရား အနီးရှိ သာလေး မြောက်ရပ် ကျေးရွာနေသူ
တစ်ဦးက ပြောကြားသည်။
"
ကျွန်တော်က ဘုရားဦး ခေါင်းတော်မှာ အမှိုက်တွေ ကပ်နေတယ်လို့ ထင်ပြီး စတွေ့တွေ့ ချင်းမှာ
ဖယ်ရှားလိုက် တာ ၊ နောက်ရက် တွေလည်း ထပ်တွေ့ နေတော့မှ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ဘူးလို့
ယူဆပြီး ရွာက ဆရာတော်ကို ပင့်လျှောက် တော့မှ ကျောင်းထိုင် ဆရာတော်က ဆံတော် အဖျားမှာ
ဓာတ်တော် ကိန်းဝပ်မှု ရှိနေတယ်လို့ မြွတ်ကြားကြောင်း ... " ရှင်းပြသည်။
ဖောင်တော်ဦး
ဘုရား အလယ်အဆူ (နံပတ် ၁ ) ၏ ထူးခြားချက် များမှာ ပန်းပွင့်ပုံစံ အလင်းတန်းများ ဖြာထွက်ခြင်း
၊ မီးချောင်းပုံစံ အလင်းတန်း ဖြာထွက်ခြင်း နှင့် ကပ်လှူ ထားသော ရေတွင်လည်း ထူးခြားချက်
ရှိခြင်း တို့ ဖြစ်သည်။ ထို ဘုရားအဆူ၏ ဂုဏ်သတင်းကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး
ပြည်သူများ လည်း လာရောက် ဖူးမြော်လျက် ရှိကြောင်း သိရသည်။
(
အောင်မြတ်သူ - ဟိုပုံး )
No comments:
Post a Comment