www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 11, 2013

အိုစမာဘင်လာဒင် ၏ ပြောရေး ဆိုခွင့်ရှိသူ Sulaiman Abu Ghaith အား နယူးယောက်၌ ရုံးတင် တရားစွဲဆိုသွားမည်ဟုဆို



၁၁-၃-၂၀၁၃

အိုစမာဘင်လာဒင် ၏ ပြောရေး ဆိုခွင့်ရှိသူ Sulaiman Abu Ghaith အား လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း၌ ဂျော်ဒန် နိုင်ငံ၌ ဖမ်းဆီး ရမိခဲ့ကြောင်း နှင့် ၄င်းအား နယူးယောက်မြို့ ရှိ တရားရုံး တစ်ရုံး၌ ရုံးတင် စစ်ဆေး သွားမည် ဖြစ်ကြောင်း အမေရိကန် လွှတ်တော် အမတ်တစ်ဦး ဖြစ်သူ ပီတာကင်းက မတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု AFP သတင်း တစ်ပုဒ်အရ သိရှိရသည်။

Sulaiman Abu Ghaith သည် ဘင်လာဒင် ၏ သားမက်ဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှု တွင် အဓိက အခန်းကဏ္ဍ ၌ ပါဝင်ခဲ့ကြောင်း နှင့် အမေရိကန် နိုင်ငံသား များအား သတ်ဖြတ်ရန် ကြံစည်မှု စွဲချက်ဖြင့် မတ်လ ၈ ရက်နေ့တွင် ရုံးတင် စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။ Sulaiman Abu Ghaith သည် အယ်လ်ကေဒါ အဖွဲ့တွင် အဓိက အရေးပါသည့် နေရာကို ရယူထားကြောင်း ၊ အယ်လ်ကေဒါ အဖွဲ့အတွင်း၌ ၀ါဒ ဖြန့်ချိရေး တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့ပြီး အမေရိကန် နှင့် ၄င်း၏ ရန်ဘက်တို့ အပေါ် ခြိမ်းခြောက် ခဲ့ကြောင်း FBI အဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး George Venizelos က ပြောကြား ခဲ့သည်။ Sulaiman Abu Ghaith သည် ကူဝိတ်နိုင်ငံ၌ ကျောင်းဆရာ နှင့် ဘာသာရေး တရားဟော ဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၉/၁၁ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကူဝိတ် နိုင်ငံသား အဖြစ်မှ စွန့်လွှတ် ခဲ့ကြောင်း သိရသည်။

Sulaiman Abu Ghaith ကို ဂျော်ဒန် လုံခြုံရေး တပ်ဖွဲ့ဝင် များက လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း တရားခံ လွှဲပြောင်း ပေးအပ်ရေး သဘော တူညီချက် အရ အမေရိကန် ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျော်ဒန် လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ၄င်းအား ဖမ်းမိခြင်းသည် အယ်လ်ကေဒါ တို့အပေါ် တိုက်စစ်ဆင် ရာတွင် လွန်စွာ အရေးပါသည့် အောင်မြင်မှု တစ်ရပ် ဖြစ်ကြောင်း ပီတာကင်း က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger