www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 11, 2013

ကမ္ဘောဒီးယားနှင့် နယ်စပ်တွင် တွေ့ရှိရသည့် မြေမြှုပ်မိုင်းများမှာ ထိုင်းနိုင်ငံနှင့် မသက်ဆိုင်ဟုဆို


၁၁-၃-၂၀၁၃

ကမ္ဘောဒီးယား နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် ထိုင်းနိုင်ငံ ၊ ဆူရင်ပြည်နယ် တွင် ထိုင်းမိုင်း ရှင်းလင်းရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Suranaree Task Force မှ ရိန်းဂျားတပ်ဖွဲ့ဝင် ၃ ဦး မြေမြှုပ်မိုင်း နင်းမိမှုကြောင့် ဒဏ်ရာ ရရှိခဲ့ ပြီးနောက် အဆိုပါ မိုင်းများမှာ ထိုင်းစစ်ဘက် နှင့် မသက်ဆိုင်ကြောင်း ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ က မတ်လ ၈ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

ထိုင်းစစ်သည် တစ်ဦးက မိုင်းတစ်လုံးကို ဖော်ထုတ် တွေ့ရှိ ခဲ့ကြောင်းနှင့် ၄င်းနှင့် အနီး ၀န်းကျင်တွင် နောက်ထပ် မိုင်း ၁၁ လုံးကို ထပ်မံ တွေ့ရှိ ခဲ့ကြောင်း ၊ အဆိုပါ မိုင်းများကို ၄င်းနေရာတွင် မည်သူတို့က ထောင်ထား ခဲ့သည်ကို စစ်ဆေး သွားမည် ဖြစ်ကြောင်း ၊ ထိုင်းစစ်ဘက်က ထောင်ထားခြင်း မဟုတ်ကြောင်း နှင့် စစ်သည်များ အနေဖြင့် မိုင်းအန္တရာယ် ကိုသတိရှိ ကြရန် တိုက်တွန်း ထားကြောင်း ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာ က ပြောကြား ခဲ့သည်။ အဆိုပါ ပြဿနာကို စစ်ဆေး ဖော်ထုတ်ရန် Suranaree Task Force ကို ကြီးကြပ်သည့် အမှတ်(၂) စစ်တိုင်းကို ညွှန်ကြား ထားကြောင်း နှင့် ထိုင်းနယ်ခြား ကော်မတီ မှ တစ်ဆင့် ကမ္ဘောဒီးယား နိုင်ငံထံသို့ ကန့်ကွက်ကြောင်း စာလွှာကို ပေးပို့ရန် ညွှန်ကြား ခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ထို့အပြင် ထိုင်း ကာကွယ်ရေး ၀န်ကြီး လေတပ် ဗိုလ်ချုပ်ကြီး ဆူကန်ပို ဆူဝါနာတက် ကလည်း ပေါက်ကွဲမှု ဖြစ်စဉ် နေရာတွင် တွေ့ရှိရသည့် မြေမြှုပ်မိုင်း များမှာ ထိုင်းနိုင်ငံ နှင့် မသက်ဆိုင် ဟု မတ်လ ၇ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း နှင့် မိုင်းများကို ထိုင်းပိုင်နက် နယ်မြေ အတွင်း တစ်မီတာ ခန့်အကွာတွင် ထောင်ထားကြောင်း လေတပ် ဗိုလ်ချုပ်ကြီး က ပြောကြား ခဲ့သည်။

အဆိုပါ နယ်စပ် တစ်လျှောက် နှစ်နိုင်ငံ စလုံးသည် မြေမြှုပ်မိုင်း အသုံးပြုမှု ကို တားမြစ် ထားသည့် Ottawa သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုး ထားကြကြောင်း သိရှိရသည်။

ဘန်ကောက်ပို့စ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger