တောင်ကြီး ၊ ၁၂-၃-၂၀၁၃
ရှမ်းပြည်နယ် ၊ တောင်ကြီး တက္ကသိုလ်
ဘက်စုံခန်းမတွင် မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ရှမ်းပြည်နယ် အမျိုးသမီးရေးရာ
အဖွဲ့မှ ကြီးမှူး၍ အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနား တွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ
အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ က အမျိုးသမီး ရေးရာအဖွဲ့ အကြောင်း သိကောင်းစရာ များ ရှင်းလင်း၍
အဖွင့် အမှာစကား ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး
အထူးအဖွဲ့မှ ဒုတိယ ရဲမှူး မြင့်ဝင်းက လူမှောင်ခို နှင့် လူကုန်ကူးမှု ဆိုင်ရာများ အားလည်းကောင်း
၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း အတွင်းရေးမှူး ဒေါ်နန်းမိုးမိုးသီတာ
က မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ လည်းကောင်း ၊ ဦးအုန်းဝင်း ညွှန်ကြားရေးမှူး (ငြိမ်း)
သစ်တော ဦးစီးဌာနက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်း နှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ဟောပြော ကြသည်။ ထို့နောက် တောင်ကြီး တက္ကသိုလ်
စာကြည့်တိုက် အတွက် ရှမ်းပြည်နယ် အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ နှင့် အဖွဲ့ဝင်
များက စာအုပ် ၊ စာစောင်များ လှူဒါန်း ခဲ့ကြသည်။
အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ်
အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ရှမ်းပြည်နယ် လူကုန်ကူးမှု တားဆီး
နှိမ်နင်းရေး အထူးအဖွဲ့မှ အဖွဲ့ဝင်များ ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များ
၊ တောင်ကြီး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့် နှင့် ကထိက ဆရာ ၊ ဆရာမများ
၊ တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူများ တက်ရောက် ကြကြောင်း သိရှိရသည်။
No comments:
Post a Comment