www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 13, 2013

တပေါင်းပွဲတော် ၂၀၁၃ ကုန်စည်ပြပွဲ ကျင်းပမည်


ရန်ကုန် ၊ ၁၃-၃-၂၀၁၃

KEP က ကြီးမှူး ကျင်းပမည့် " တပေါင်းပွဲတော် ၂၀၁၃ " ကုန်စည် ပြပွဲကို လာမည့် မတ်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ အထိ ရန်ကုန်မြို့ ၊ မင်္ဂလာ တောင်ညွန့် မြို့နယ်ရှိ ကန်တော်ကြီး ကရ၀ိတ် ဥယျာဉ်ကမ္ဘာ တွင် နံနက် ၉ နာရီမှ ည ၁၀ နာရီ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် လူသုံးကုန် ပစ္စည်းများ ၊ IT နှင့် Mobile များ ၊ Fancy များ ၊ အလှကုန်များ ၊ ကျန်းမာရေး နှင့် ဆေးပစ္စည်းများ ၊ စားသောက်ကုန် ပစ္စည်း ၊ ခရီးသွား လုပ်ငန်းများ ၊ သင်တန်းကျောင်း များ ၊ စာအုပ်ဆိုင် များနှင့် စာရေး ကိရိယာ ပစ္စည်းများ ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။

ဖျော်ဖြေရေး အစီအစဉ်များ အနေဖြင့် နာမည်ကျော် အနုပညာ ရှင်များ၏ ဖျော်ဖြေ တင်ဆက်မှု ၊ Designer လက်ရာဖြင့် Model များ၏ Model Show 5 Network မှ View Deck Area တွင် စိတ်ဝင်စားဖွယ် Movie များ ပြသခြင်း ၊ Dancer အဖွဲ့များ၏ လှပ ဆန်းသစ်သော Dancing Show များ ၊ စိတ်လှုပ်ရှား အံ့သြဖွယ် ကောင်းသည့် မျက်လှည့် ပြကွက်ဆန်းများ ၊ ဟာသ ဖျော်ဖြေရေး အစီအစဉ်များ ၊ ပွဲတော်လာ ပြည်သူများ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲနိုင်မည့် အခမဲ့ ကာရာအိုကေ နှင့်အတူ အခြားသော ပျော်ရွှင်ဖွယ်ရာ အစီအစဉ် များဖြင့် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger