www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2013

ပညာရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲ ကျင်းပမည်


ရန်ကုန် ၊ ၅-၂-၂၀၁၃

ကမ္ဘာ့အဆင့် ပညာရေးကို ပြည်တွင်း၌ စရိတ် သက်သာစွာ ရယူနိုင်မည့် အခွင့်အလမ်း များနှင့် ပတ်သက်သည့် ပညာရေး ဆိုင်ရာ ဆွေးနွေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့ (စနေနေ့) မွန်းလွဲ ၂ နာရီမှ ၄ နာရီ အထိ ရန်ကုန်မြို့ ၊ ကုန်သည် ကြီးများ ဟိုတယ်ရှိ ပင်းယ ခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေး ဟောပြောပွဲ တွင် ဗြိတိန်နိုင်ငံ ၏ အကြီးမားဆုံး ပညာရေး အဖွဲ့အစည်း ဖြစ်သော Edexcel မှ ချီးမြှင့်သည့် HND Diploma မှတစ်ဆင့် ကမ္ဘာ့ အဆင့် ပညာရေးကို ပြည်တွင်း၌ လေ့လာသင်ယူ နိုင်မည့် အခွင်းအလမ်း များ ၊ နိုင်ငံ တကာရှိ Edexcel Approved Centres ( တက္ကသိုလ် ၊ ကောလိပ်များ ) အားလုံး၌ တစ်ပြေးညီ ကျင့်သုံးလျက် ရှိသည့် Quality Assurance Process ၊ စာသင်ကြားမှု ပုံစံ ( Teaching Methodology ) များနှင့် စစ်ဆေး အကဲဖြတ်မှု ပုံစံများ ( Accessment Method ) ၊ ဘာသာရပ် ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစား ရမည့် အချက် များနှင့် ပြည်တွင်း ပြည်ပ ကုမ္ပဏီ ကြီးများတွင် လစာ အကောင်းဆုံး ဖြစ်သော IT/ Computing ဘာသာရပ် ၏ အလုပ်အကိုင် အခွင့်အလမ်း များ အကြောင်းကို ဦးဝင်းထိန်ဝင်း ( Principal Gusto Institute ) က ဆွေးနွေး ဟောပြောမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေး ဟောပြောပွဲ သို့ တက်ရောက် လိုသူများ သည် ဖုန်း ၀၁- ၅၀၃ ၇၁၅ ၊ ၀၉- ၈၆၂၈ ၈၀၆ တို့သို့ ကြိုတင် စာရင်း ပေးသွင်း၍ အခမဲ့ တက်ရောက် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger