www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2013

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် သတ္တမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



ရန်ကုန် ၊ ၅-၂-၂၀၁၃

ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်၏ သတ္တမ အကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနား အား ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက် ၈ နာရီတွင် မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ် ၊ ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။




အဆိုပါ သတ္တမ အကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနား အား ကျင်းပရာတွင် ပါမောက္ခချုပ် (ပူးတွဲ တာဝန်) ဒေါ်တာ မြတ်လွင် မှ ဘွဲ့နှင်းသဘင် အခမ်းအနား အတိုင်း ဆောင်ရွက်၍ သင်္ဘော လုပ်ငန်း စီမံခန့်ခွဲမှု ပညာ ဘာသာရပ် ကျောင်းသား - ကျောင်းသူ (၁၀)ဦး နှင့် ဆိပ်ကမ်း စီမံခန့်ခွဲမှု ပညာ ဘာသာရပ် ကျောင်းသား - ကျောင်းသူ (၃၀)ဦး တို့အား ဘွဲ့လွန် ဒီပလိုမာ ဘွဲ့အား ပေးအပ်ပြီး ၊ ရေယာဉ် တည်ဆောက်မှု အင်ဂျင်နီယာ ဘွဲ့ (၉၀)ဦး ၊ ရေကြောင်း အင်ဂျင်နီယာ ဘွဲ့ (၁၁၄)ဦး ၊ ဆိပ်ကမ်း အင်ဂျင်နီယာ ဘွဲ့ (၄၂)ဦး ၊ မြစ်ချောင်း နှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ ဘွဲ့ (၂)ဦး ၊ ရေကြောင်း လျှပ်စစ် နှင့် အင်ဂျင်နီယာ ဘွဲ့ (၄၀)ဦး ၊ ရေကြောင်း သိပ္ပံ ဂုဏ်ထူးဘွဲ့ (၈၆)ဦး ၊ စုစုပေါင်း (၄၁၄)ဦး တို့အား ဘွဲ့များ အသီးသီး ပေးအပ် ချီးမြှင့် ခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက် လာသော ပို့ဆောင်ရေး ၀န်ကြီးဌာန ၊ ဒုတိယ ၀န်ကြီး ဦးဟံစိန် ၊ တက္ကသိုလ် ကောင်စီ ၀င်များ ၊ အလုပ် အမှုဆောင် အဖွဲ့ဝင် များသည် ဘွဲ့ရ ကျောင်းသား ကျောင်းသူ များနှင့် အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနား ကို ရုတ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger