www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2013

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကျင်းပ



ကလော ၊ ၄-၂-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ၊ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ စာကြည့်တိုက် ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စာစီစာကုံး ပြိုင်ပွဲတွင် "'' ပြည်ထောင်စု အမွေ ထိန်းသိမ်း စို့လေ " ခေါင်းစဉ်အား ကလောမြို့ နှင့် အောင်ပန်းမြို့ ရှိ အခြေခံ ပညာ အထက်တန်း နှင့် အလယ်တန်း ကျောင်းများမှ ကျောင်းသား - ကျောင်းသူများ ၀င်ရောက် ယှဉ်ပြိုင် ဖြေဆို ခဲ့ကြသည်။ စာစီစာကုံး ပြိုင်ပွဲ အပြီးတွင် ကျောင်းပေါင်းစုံ မှ ဆရာ - ဆရာမ များ ပါဝင်သော စာစစ်အဖွဲ့ သည် အဖြေလွှာ များအား  တစ်ခါတည်း စစ်ဆေးပြီး ပထမ ၊ ဒုတိယ နှင့် တတိယ ဆုရရှိသော ကျောင်းသား - ကျောင်းသူ များအား တာဝန်ရှိသူ များမှ ဆုများ အသီးသီး ချီးမြှင့် ပေးခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger