www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2013

ၾသစေၾတးလ် နိုင်ငံမှ ဥပဒေပညာရှင် မှ အခမဲ့ ဟောပြော ပို့ချပေး


ရန်ကုန် ၊ ၁၉-၂-၂၀၁၃

သြစတြေးလျ နိုင်ငံမှ ဥပဒေ ပညာရှင် တစ်ဦးသည် ရန်ကုန် တက္ကသိုလ်တွင် နိုင်ငံတကာ ဥပဒေ ပညာရပ် များနှင့် ပတ်သက်၍ ၂ ပတ်ကြာ အခမဲ့ ဟောပြော ပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လာရောက် ဟောပြော ပို့ချမည့် ပညာရှင်မှာ Dr. Donald Anton ဖြစ်ပြီး ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်မှစ၍ ပတ်ဝန်းကျင် ဆိုင်ရာ အပြည်ပြည် ဆိုင်ရာ ဥပဒေများ ၊ Public International Law and Private International Law များကို ၂ ပတ်ကြာ သင်ကြား ပို့ချ သွားမည် ဖြစ်ကြောင်း ရန်ကုန် တက္ကသိုလ် ဥပဒေ ပညာဌာနမှ သိရသည်။

လွန်ခဲ့သည့် ဇန်န၀ါရီ ၂၈ ရက်နေ့က ရန်ကုန် တက္ကသိုလ်ရှိ ဥပဒေ ပညာဌာနတွင် သြစတြေးလျ နိုင်ငံမှ ဥပဒေ ပညာရှင် Mr. Marcus Brand က လူ့အခွင့်အရေး နှင့် ပတ်သက်သော အပြည်ပြည် ဆိုင်ရာ ဥပဒေများ ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများအား ညှိနှိုင်း ဆောင်ရွက်ခြင်း များကို ၂ ပတ်ကြာ ဟောပြော ပို့ချခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ယခု ဟောပြောပွဲ သို့လည်း စိတ်ပါဝင်စားများ မည်သူမဆို တက်ရောက် နိုင်ကြောင်း ရန်ကုန် တက္ကသိုလ် ဥပဒေ ပညာဌာနမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger