မြစ်ကြီးနား ၊ ၁၂-၂-၂၀၁၃
မြစ်ကြီးနား နည်းပညာ တက္ကသိုလ် ၏ ပဉ္စမ
အကြိမ်မြောက် မဟာ အင်ဂျင်နီယာ ဘွဲ့နှင့် န၀မ အကြိမ်မြောက် အင်ဂျင်နီယာ ဘွဲ့နှင့် အင်ဂျင်နီယာ
နည်းပညာ ဘွဲ့နှင်းသဘင် အခမ်းအနား ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်မှ
စတင်ပြီး အဆိုပါ နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြုလုပ်ရာ နည်းပညာ တက္ကသိုလ်
ကျောင်းအုပ်ကြီး အမှူးပြုသည့် စီမံခန့်ခွဲရေး အဖွဲ့နှင့် ပညာရေး အဖွဲ့ဝင် ပါမောက္ခ ဌာနမှူးများ
၊ ကထိက များက စင်မြင့်ထက်တွင် ရောက်ရှိ နေရာယူ ခဲ့ကြပြီး ဘွဲ့ယူသူ များနှင့် ဧည့်ပရိသတ်
များက နိုင်ငံတော် သီချင်း တီးလုံးဖြင့် မတ်တပ်ရပ် ဂါရ၀ပြု ဖွင့်လှစ် ပေးခဲ့ပြီး ဘွဲ့ရယူမည့်
သူများက ကျောင်းအုပ်ကြီး ထံ ကတိပြု ခဲ့ကြသည်။
ုထို့နောက် နည်းပညာ တက္ကသိုလ် (မြစ်ကြီးနား)
ကျောင်းအုပ်ကြီး ဒေါက်တာ မြတ်သူ က မဟာ အင်ဂျင်နီယာ ဘွဲ့ ရရှိသူ ၅ ဦး ၊ အင်ဂျင်နီယာ
ဘွဲ့ရ ၄၆ ဦး ၊ အင်ဂျင်နီယာ နည်းပညာ ဘွဲ့ရရှိသူ ၄၈ ဦးနှင့် အဝေးရောက် မဟာ အင်ဂျင်နီယာ ဘွဲ့ရ ၅ ဦး ၊ အင်ဂျင်နီယာ ဘွဲ့ရ
၂၃ ဦး နှင့် အင်ဂျင်နီယာ နည်းပညာ ၇ ဦး တို့အား ဘွဲ့လက်မှတ် များ ချီးမြှင့် အပ်နှင်းခဲ့ပြီး
နိဂုံးချုပ် သြ၀ါဒ အမှာစကား ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။
No comments:
Post a Comment