www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 12, 2013

နည်းပညာတက္ကသိုလ် (မန္တလေး) ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ



မန္တလေး ၊ ၁၂-၂-၂၀၁၃

သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန ၊ စက်မှု နှင့် သက်မွေး ပညာ ဦးစီးဌာန ၊ နည်းပညာ တက္ကသိုလ် (မန္တလေး) ၏ ပဉ္စမ အကြိမ်မြောက် မဟာ အင်ဂျင်နီယာဘွဲ့ ၊ မဟာ ဗိသုကာဘွဲ့ နှင့် ဒဿမ အကြိမ်မြောက် အင်ဂျင် နီယာဘွဲ့ ၊ ဗိသုကာဘွဲ့ ၊ အင်ဂျင်နီယာ နည်းပညာဘွဲ့ ဘွဲ့နှင်းသဘင် အခမ်းအနား အား ဖေဖော်ဝါရီ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့ များတွင် မန္တလေးမြို့ ၊ နန်းရှေ့ရှိ အမျိုးသား ကဇာတ်ရုံ (မန္တလေး) ၌ ကျင်းပ ပြလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာ အေးမြင့် နှင့် စီမံခန့်ခွဲရေး နှင့် ပညာရေး အဖွဲ့ဝင်များ ရောက်ရှိ နေရာယူကာ နိုင်ငံတော် အလံအား အလေးပြု ကြပြီး ဘွဲ့ယူမည့် သူများက ပါမောက္ခချုပ် ထံမှ ကတိသစ္စာ ခံယူ ကြသည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ မဟာ အင်ဂျင်နီယာဘွဲ့ ၊ မဟာ ဗိသုကာဘွဲ့ ၊ အင်ဂျင်နီယာ ဘွဲ့ ၊ ဗိသုကာဘွဲ့ ၊ အင်ဂျင်နီယာ နည်းပညာဘွဲ့ ရရှိသူ ၁၄၂၂ ဦးအား ဘွဲ့များ အသီးသီး ပေးအပ် ချီးမြှင့်ပြီး အဝေးရောက် ဘွဲ့ယူ သူများအား ဘွဲ့များ ပေးအပ် ချီးမြှင့် ခဲ့သည်။ ယင်းနောက် ပါမောက္ခချုပ် ဒေါက်တာ အေးမြင့် မှ အပ်နှင်း ပြီးဖြစ်သော ဘွဲ့ရသူများ စာရင်းကို လက်မှတ် ရေးထိုး အတည်ပြုပြီး ဘွဲ့နှင်း သဘင် မိန့်ခွန်းကို မြွတ်ကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger