www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 10, 2013

ကုန်စည်ဒိုင်ဈေးနှုန်း အလိုအလျှောက် ဖြေကြားစက်များ တိုးချဲ့ တပ်ဆင်မည်


ရန်ကုန် ၊ ၁၀-၂-၂၀၁၃

ကုန်စည်ဒိုင်များတွင် ဈေးနှုန်း အလိုအလျှောက် ဖြေကြားချက် များအား လက်ရှိတွင် ရန်ကုန် (ဘုရင့်နောင်) ၊ မန္တလေး ၊ ပုသိမ် ၊ မူဆယ် ၁၀၅ မိုင် ၊ ဟင်္သာတ ၊ ပြည် ၊ မုံရွာ နှင့် မကွေး တို့တွင် အလိုအလျှောက် ဖြေကြားစက် ၈ လုံး တပ်ဆင် ပေးပြီး  ဖြစ်၍ ထပ်မံ တပ်ဆင် နိုင်ရေးကို FAO နှင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေသအလိုက် ကုန်စည်ဒိုင် များ ဖွင့်လှစ် ခြင်းဖြင့် လယ်ယာ နှင့် အခြေခံ ကုန်ပစ္စည်းများ ပိုမို ထိုးဖောက် တင်ပို့ နိုင်မည်ဖြစ်ပြီး ကုန်စည်ဒိုင်များ မြို့နယ်တိုင်း တွင် ဖွင့်လှစ် နိုင်ပါက ကုန်သွယ်မှု ကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်လာ နိုင်ကြောင်း သိရသည်။ တောင်သူများ အတွက် သင့်တင့်သော အကျိုးအမြတ် ရရှိစေမည့် ဈေးနှုန်း ဖြစ်ပေါ် စေရန် ကုန်စည်ဒိုင် များက ထိန်းကျောင်း ပေးရမည် ဖြစ်ပြီး တွတ်ခြေကိုက် မည့် ပစ္စည်းများ ထုတ်လုပ် နိုင်ရေး အတွက် တောင်သူ များအား သတင်း အချက်အလက် ပေးပို့ရန် လိုအပ်ကြောင်း သိရသည်။ ကုန်စည် စီးဆင်းမှု ရှိသော ဒေသများတွင် ကုန်စည်ဒိုင် ၂၆ ခု ဖွင့်လှစ် နိုင်ရန် လျာထားပြီး ယခုလက်ရှိ တွင် ကုန်စည်ဒိုင် ၄၄ ခု ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger