www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2013

တက္ကသိုလ် နှင့် ဒီဂရီကောလိပ်များ ဇုန်အဆင့် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ



ရန်ကုန် ၊ ၁၁-၂-၂၀၁၃

ပညာရေး ၀န်ကြီးဌာန ၊ အဆင့်မြင့် ပညာ ဦးစီးဌာန (အောက် မြန်မာပြည်) မှ ကြီးမှူး၍ အနောက်ပိုင်း တက္ကသိုလ်မှ စီစဉ် ကျင်းပသော တက္ကသိုလ် နှင့် ဒီဂရီ ကောလိပ်များ ဇုန်အဆင့် အမျိုးသား ဘော်လီဘော ပြိုင်ပွဲ ( ရန်ကုန်ဇုန် နှင့် ဒဂုံဇုန် ) ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီတွင် ရန်ကုန် တက္ကသိုလ် IRC ခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနား တွင် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခိုင်မြဲ က ပြိုင်ပွဲဝင် အသင်းများ ဖြစ်သော ရန်ကုန်ဇုန် မှ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ် ၊ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ၊ ရန်ကုန် ပညာရေး တက္ကသိုလ် ၊ ရန်ကုန် တက္ကသိုလ် နှင့် အမျိုးသား စီမံခန့်ခွဲမှု ပညာ ကောလိပ် အသင်းများ ၊ ဒဂုံဇုန် မှ ဒဂုံ တက္ကသိုလ် ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ စစ်တွေ တက္ကသိုလ် နှင့် တောင်ငူ တက္ကသိုလ် တို့အား အဖွင့် အမှာ စကား ပြောကြားသည်။

ယင်းနောက် ပြိုင်ပွဲဝင် အားကစား သမားများ က အားကစား အဓိဋ္ဌာန် ရွတ်ဆို ကြပြီး အခမ်းအနား ကို ရုတ်သိမ်း ခဲ့သည်။ အဆိုပါ ဇုန်အဆင့် ပြိုင်ပွဲများကို ရန်ကုန် တက္ကသိုလ် IRC ခန်းမတွင် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၇ ရက်နေ့ အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger