www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, February 10, 2013

BEST BRANDS EXPO 2013 ပြပွဲကျင်းပ



ရန်ကုန် ၊ ၁၀-၂-၂၀၁၃

SMART BUSINESS GROUP မှ ကြီးမှူး၍ BEST BRANDS EXPO 2013 ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖွင့်ပွဲ အခမ်းအနား ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီးပွားရေး နှင့် စီမံကိန်း ၀န်ကြီး ဦးသန်းမြင့် ၊ ပြပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဖုန်းမြင့် နှင့် Naing Gropu Construction Co., Ltd မှ စီနီယာ ဒါရိုက်တာ ဦးစောမြင့်အောင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး တိုင်းဒေသကြီး ၀န်ကြီးနှင့် ဧည့်သည်တော် များသည် ပြခန်း အတွင်း လှည့်လည် ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် မော်တော်ယာဉ် နှင့် စက်ပစ္စည်းများ ၊ အိမ်တွင်း အလှဆင် ပစ္စည်း ၊ ကြွေထည် ပစ္စည်း များ ၊ အိမ်ရာ ပြခန်းများ ၊ ပရိဘောဂများ ၊ အီလက်ထရောနစ် ပစ္စည်းများ ၊ လူသုံးကုန် ၊ ခန်းဝင် ပစ္စည်း ၊ စားသောက်ကုန် ၊ အလှကုန် နှင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ ၊ တိုင်းရင်းဆေး ပြခန်းများ အပါအ၀င် ကုမ္ပဏီ ၈၀ ခုမှ ပြခန်းပေါင်း ၁၄၀ ကျော် ပါဝင် ပြသထားပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသမည် ဖြစ်ရာ လာရောက် ကြည့်ရှု သူများအား နေ့စဉ် ကံစမ်းမဲ (အခမဲ့) များဖောက်၍ ဖျော်ဖြေရေး အစီအစဉ် များဖြင့် ဖျော်ဖြေ တင်ဆက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger