မန္တလေးတက္ကသိုလ် (၄၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် (DTSM) ခရီးသွား လုပ်ငန်းပညာ နှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာဘွဲ့ အပ်နှင်းမည်
ဇန်န၀ါရီ(၂)ရက်နေ့
မန္တလေးတက္ကသိုလ် (၄၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီး၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် မန္တလေးတက္ကသိုလ် က ကျင်းပခဲ့သည့် Ph.D ပါရဂူဘွဲ့၊ M.Res မဟာဝိဇ္ဇာဘွဲ့၊ M.Sc မဟာသိပံ္ပဘွဲ့၊ LLM မဟာဥပဒေဘွဲ့၊ Dip.E.L.T အင်္ဂလိပ်စာ သင်ကြားရေး ဒီပလိုမာဘွဲ့နှင့် DBL စီးပွားရေး ဥပဒေ ဒီပလိုမာဘွဲ့၊ (၁၀/၂၀၁၁) စာမေးပွဲ များကို ဖြေဆို အောင်မြင်ခဲ့ကြ ပြီးသူများ အပြင်၊ Diploma in Tourism Studies and Management (DTSM) ခရီးသွား လုပ်ငန်း ပညာနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာဘွဲ့ (၁/၂၀၁၂) စာမေးပွဲ ဖြေဆို အောင်မြင် ပြီးသူများကိုပါ ထည့်သွင်း၍ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက် ဘွဲ့ယူရန် လျှောက်ထား ကြသူများကို တို့အား ဘွဲ့၊ ဒီပလိုမာဘွဲ့ အသီးသီးကို အပ်နှင်း ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment