www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2013

ယာဉ်ကြောပိတ်ဆို့မှု လျော့နည်း သက်သာစေရန် နှင့် ယာဉ်သွားလာမှု နှောင့်နှေး ကြန့်ကြာမှု မရှိစေရန် ဆောင်ရွက်


ရန်ကုန် ၊ ၂၄-၁-၂၀၁၃

ရန်ကုန်မြို့တော် အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်း သက်သာစေရန် နှင့် ယာဉ်သွားလာ မှု နှောင့်နှေး ကြန့်ကြာမှု မရှိစေရန် အတွက် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က ယာဉ်ထိန်းရဲ့ တပ်ဖွဲ့ဝင် ၈၂၅ ဦးဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်နေ့မှ စ၍ ထိရောက် အောင်မြင်သည် အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းအဖွဲ့၏ ရန်ကုန်မြို့တော် ခန်းမ၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

" ရန်ကုန်မြို့တော် ယာဉ်ကြော ပိတ်ဆို့မှုများကို တာဝန်ရှိသူများ နှင့် ပူးပေါင်းပြီး လက်ရှိ အခြေအနေ များကို စနစ်တကျ လေ့လာပြီး ဖြစ်ကြောင်း ၊ ယခု ဆောင်ရွက် သွားမည့် အစီအစဉ် များတွင် အ များပြည်သူများ ပါဝင် ပူးပေါင်း ဆောင်ရွက် သွားမှသာ ယာဉ်ကြော ပိတ်ဆို့မှုများ ကို အောင်အောင် မြင်မြင်ဖြင့် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း ၊ ၄င်းအပြင် ရန်ကုန်မြို့တော် တွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း လိုက်နာ ကျင့်သုံးသူများ သည် တစ်ဖြည်းဖြည်း အားနည်းလာပြီး ကြီးမား ကျယ်ပြန့် လာပြီး ယဉ်ကျေးမှုသစ် တစ်ခုအဖြစ် ဦးတည်မသွားအောင် ယာဉ်ထိန်းရဲ့ တပ်ဖွဲ့ ၈၂၅ ဦးဖြင့် စတင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း .. " အဆိုပါ စာနယ်ဇင်း ပွဲ၌ ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ၊ မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ရှင်းလင်း ပြောကြား ခဲ့သည်။

၎င်းအဖွဲ့သည် ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်သော မရမ်းကုန်း မြို့နယ် ၊ ချော်တွင်းကုန်း မီးပွိုင့် ၊ ဘုရင့်နောင် လမ်းဆုံ မီးပွိုင့် ၊ ကမာရွတ် မြို့နယ် လှည်းတန်း မီးပွိုင့် ၊ ဟံသာဝတီ အ၀ိုင်း ၊ စမ်းချောင်းမြို့နယ် မြေနီကုန်း မီးပွိုင့် ၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင် မီးပွိုင့်နှင့် ဦးထောင်ဘို အ၀ိုင်း တို့တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ အရာရှိ ၈ ဦး နှင့် အခြားအဆင့် ၂၈ ဦး ၊ စုစုပေါင်း ၃၆ ဦးဖြင့် အစုအဖွဲ့ ၃၁ ဖွဲ့ က မြို့နယ် ၇ ခုတွင် အလေးထား ရှင်းလင်း ဆောင်ရွက် သွားမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက် ရာတွင် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ချိုးဖောက်သူ အားလုံးကို ယာဉ်ထိန်းရဲ့ ဥပဒေများနှင့် အညီ ထိရောက် အောင်မြင် သည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger