www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 24, 2013

စာပေဟောပြောပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၄-၁-၂၀၁၃

မြန်မာနိုင်ငံ စာပေထုတ်ဝေသူ နှင့် ဖြန့်ချိသူများ အသင်းမှ ကြီးမှူး ကျင်းပသည့် ပထမ အကြိမ်မြောက် စာအုပ် ဈေးပွဲတော် နှင့် စာပေ ဟောပြောပွဲကို မြို့မကျောင်းလမ်း ရှိ အမျိုးသား ဇာတ်ရုံတွင် ဇန်န၀ါရီ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ယင်းစာပေ ဟောပြောပွဲတွင် နယ်ပယ် အသီးသီးမှ နာမည်ကျော် စာရေးဆရာများ ဖြစ်ကြသည့် ဆရာဖေမြင့် ၊ ဆရာ ကျော်ဝင်း ၊ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၊ ဆရာ ချစ်ဦးညို ၊ ဆရာ လယ်တွင်းသား စောချစ် ၊ ဆရာ ကိုတာ ၊ ဆရာမ ဂျူဥး ၊ ဆရာမ သန်းမြင့်အောင် ၊ ဆရာမ မစန္ဒာ ၊ ကိုဖုန်း (ဓာတု) ၊ လင်းသိုက်ညွန့် (မြန်မာမြေ) နှင့် ခင်ထားမြင့် တို့ ပါဝင် ဟောပြောမည် ဖြစ်ပြီး မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူ နှင့် ဖြန့်ချိသူများ အသင်းက တစ်နှစ်အတွက် ထုတ်ဝေသူ အကောင်းဆုံးဆု ကိုလည်း ချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger