www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 15, 2013

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူးပေါင်း၍ သင်တန်းဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၅-၁-၂၀၁၃

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းတို့မှ ပူးပေါင်း ဖွဲ့စည်းထားသော Myanmar Tunneline and Underground Space Committee မှ ကြီးမှူး၍ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အဦး ၊ လှိုင်တက္ကသိုလ် နယ်မြေ ၊ ရန်ကုန်မြို့ တွင် ၂၀၁၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှ မေလ ၁၉ ရက်အထိ Training for Design and Construction of Underground Structures သင်တန်း (၁/၂၀၁၃) ကို သောကြာ ၊ စနေ ၊ တနင်္ဂနွေ နေ့များတွင် နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အောက်ပါ ဘာသာရပ်များ ပါဝင်မည်ဖြစ်သည်-

  • Subject : MTUSC 101 - Geotechnical Investigation
  • Subject : MTUSC 102 - Rock Mechanies
  • Subject : MTUSC 103 - Underground Design
  • Subject : MTUSC 104 - Underground Supports
  • Subject : MTUSC 105 - Tunnel Supports
  • Subject : MTUSC 106 - Auxilliary Feasibility


Training for Design and Construction of Underground Structures သင်တန်းသို့ စိတ်ပါဝင်စား၍ တက်ရောက် လိုသူများ အနေဖြင့် Meeting Room II, ပထမထပ် နှင့် MGS ရုံးခန်း ၊ တတိယထပ် ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အဆောက်အဦး ၊ လှိုင်တက္ကသိုလ် နယ်မြေ ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၅၁၉၆၇၃ - ၇၆ Ext - ၂၁၁ ၊ ၅၀၁ ၊ ၀၉- ၅၁၆ ၂၁၆၉ ၊ ၀၉- ၅၀၃ ၀၀၃၅ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger