www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 19, 2013

မန္တလေးတိုင်း ဒေသကြီး ၊ အောင်မြေသာစံ မြို့နယ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်ကျင်းပ

မန္တလေး ၊ ၁၉-၁-၂၀၁၃

မန္တလေးတိုင်း ဒေသကြီး ၊ အောင်မြေသာစံ မြို့နယ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနား အား ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၁၁) အခြေခံ ပညာ အထက်တန်း ကျောင်း၌ ကျင်းပ ပြုလုပ်ရာ အောင်မြေသာစံ မြို့နယ် ၊ မြို့နယ် ပညာရေးမှူး ဦးဥာဏ်ဝင်း ၊ လက်ထောက် မြို့နယ် ပညာရေးမှူး ဦးစိုးဝင်း ၊ အောင်မြေ သာစံမြို့နယ် အတွင်းရှိ (ထက် ၊ လယ် ၊ မူ) ကျောင်းများမှ ကျောင်းအုပ် ဆရာကြီး ၊ ဆရာမကြီးများ ၊ ဖိတ်ကြားထား သူများ ၊ ဆုရ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် " ပညာရေး စုံညီပွဲတော် " သီချင်းဖြင့် သီဆိုဖွင့်လှစ် ပေးကြပြီး တိုင်းဒေသကြီး အဆင့် ၊ မြို့နယ် အဆင့်နှင့် ကျောင်းတွင်း ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ များအား မြို့နယ် ပညာရေးမှူး ၊ လက်ထောက် မြို့နယ် ပညာရေးမှူး နှင့် ကျောင်းအုပ် ဆရာကြီး ဆရာမကြီးများက ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger