www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 19, 2013

မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်း စာပေရေချမ်းစင်များသို့ စာအုပ်စာစောင်များ လှူဒါန်းနိုင်


မန္တလေး ၊ ၁၉-၁-၂၀၁၃

မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း ၊ စာပေ ရေချမ်းစင်အား မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ မီးရထား ဘူတာရုံ အတွင်း ပြုလုပ် ထားရှိရာ ဇန်န၀ါရီ ၁၆ ရက်နေ့က မီးရထား ၀န်ထမ်းများ ၊ ခရီးသွားမည့် သူများ ၊ စာပေ လေ့လာသူ များဖြင့် စည်းကားလျက် ရှိကြောင်း တွေ့မြင်ရသည်။

အဆိုပါ စာကြည့်တိုက် ဖောင်ဒေးရှင်း စာပေ ရေချမ်းစင် များတွင် ပြည်သူများ အနေဖြင့် သတင်းစာများ ၊ ဂျာနယ်များ ၊ ဗဟုသုတ ရရှိစေမည့် စာအုပ် စာစောင်များ ဖတ်ရှုလေ့လာ နိုင်ကြပြီး စာအုပ် စာစောင်များ လှူဒါန်း လိုပါက မန္တလေးတိုင်း ဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်သန်းထွန်း ၊ ခရိုင် ဦးစီးမှူး ဒေါ်သန်းသန်းဝေ ၊ ချမ်းအေး သာစံ မြို့နယ် ဦးစီးမှူး ဦးဘိုဘိုဟန် တို့နှင့် ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger