မန္တလေး ၊ ၂၅-၁-၂၀၁၃
မြန်မာ အပြည်ပြည် ဆိုင်ရာ ကုန်စည်ပြပွဲ
ဖွင့်ပွဲအား ယမန်နေ့ နံနက် ၉ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ မြို့တော်
ခန်းမ(၁)၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအား မန္တလေးတိုင်း ဒေသကြီး အစိုးရ
အဖွဲ့ဝင် စည်ပင်သာယာရေး ၀န်ကြီးဌာန ၊ မန္တလေး မြို့တော်ဝန် ဦးအောင်မောင်း ၊ လမ်းပန်း
ဆက်သွယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ၊ စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီးဌာန ၀န်ကြီး တို့မှ
ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ပြသထားသော ပြခန်းများအား
လှည့်လည် ကြည်ရှု့ အားပေး ကြသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် ကားပြခန်းများ
၊ အရုပ်ဆိုင်များ ၊ ငါးအလှ မွေးကန်နှင့် အလှမွေးငါး အရေးပြခန်း ၊ အီလက်ထရောနစ် ပစ္စည်းများ
၊ ဖုန်းနှင့် ဆက်စပ် ပစ္စည်း ပြခန်းများ ၊ ကွန်ကရစ် အုတ်ရိုက်စက် ၊ ရန်ကုန်မြို့မှ လာရောက်
ပြသသော စာအုပ်တိုက်များ ပါဝင် ပြသထားကာ ပြပွဲအား ဇန်န၀ါရီလ ၂၆ ရက်နေ့ အထိ ဖွင့်လှစ်
ပြသသွားမည် ဖြစ်ပြီး ပြပွဲလာ ပြည်သူများအား နိုင်ငံကျော် မန္တလေးမြို့မ တေးဂီဘ ပညာရှင်များ
၊ အဆိုတော်များက ဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment