www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 25, 2013

ဒေသခံ ပြည်သူများ လျှပ်စစ်ဓာတ် ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရန် 315 KVA ထရန်စဖော်မာ များတပ်ဆင်


မော်လမြိုင် ၊ ၂၅-၁-၂၀၁၃

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဖက်ခင်းလမ်း ၊ မြိုင်သာယာ လမ်းထပ်တွင် (၁၁/ ၀-၄) ကေဗွီ 315 KVA ထရန်စဖော်မာ တစ်လုံးကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ၊ မော်လမြိုင် မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ အဖွဲ့များ ဦးဆောင်ကာ လိုင်းဝန်ထမ်း များနှင့် တပ်ဆင်ခဲ့ရာ ဒေသခံ မိဘပြည်သူများ လျှပ်စစ်ဓာတ် ဗို့အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် လျှပ်စစ် ဓာတ်အားကို ဖြန့်ဖြူး ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထရန်စဖော်မာ တပ်ဆင် ပေးမှုကြောင့် မော်လမြိုင်မြို့ ၊ ဖက်ခင်းလမ်း ၊ မြိုင်သာယာလမ်း ၊ ရှင်စောပုလမ်း များတွင် လျှပ်စစ်ဓာတ်အား သုံးစွဲလျက် ရှိသော ရပ်ကွက်နေ ဒေသခံများ အနေဖြင့် ယခင်က လျှပ်စစ်မီး လာသော်လည်း လျှပ်စစ်ဓာတ်အး မပြည့်၍ မီးများ မှိန်မှိန်သာ လာခဲ့သည့်အတွက် ယခုအခါ မီးဗို့အား ပြည့်ဝစွာ ဖြန့်ဖြူး ပေးမှုကြောင့် ပိုမို အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger