www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2012

တရုတ်နိုင်ငံ China Union Pay နှင့် ဂျပန်နိုင်ငံသုံး JCB ကတ်များဖြင့် အေတီအမ် စက်များတွင် ငွေထုတ်ယူ နိုင်မည်

တရုတ်နိုင်ငံ China Union Pay နှင့် ဂျပန်နိုင်ငံသုံး JCB ကတ်များဖြင့် အေတီအမ် စက်များတွင် ငွေထုတ်ယူ နိုင်မည် ဒီဇင်ဘာ(၁၁)ရက်နေ့ တရုတ်နိုင်ငံသုံး China Union Pay နှင့် ဂျပန်နိုင်ငံသုံး JCB ကတ်များကို ၂၀၁၃ ခုနှစ် မတ်လအတွင်း ပြည်တွင်း၌ အသုံးပြုနိုင် တော့မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ကတ်များဖြင့် မြန်မာပေးမန့် ယူနီယံ အဖွဲ့ဝင် ဘဏ်များ ဖြစ်သည့် ပြည်တွင်း ပုဂ္ဂလိက ဘဏ် ၁၇ ဘဏ်ရှိ အေတီအမ် စက်များတွင် ငွေထုတ်ယူ နိုင်မည် ဖြစ်ပြီး ဈေးဝယ် စင်တာ များရှိ POS စနစ်များ တွင်ပါ အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြန်မာ ပေးမန့် ယူနီယံ ကော်မတီ အနေဖြင့် ပထမအဆင့် တွင် နိုင်ငံတကာ သုံး ကတ်များကို ပြည်တွင်း၌ အသုံးပြုနိုင်ရန်၊ ဒုတိယအဆင့် တွင် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များမှ အဆိုပါ နိုင်ငံတကာ သုံး ကတ်များကို ထုတ်ပေးရန် နှင့် တတိယအဆင့် တွင် မြန်မာ ပေးမန့် ယူနီယံ ကတ်များကို နိုင်ငံတကာ တွင် အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger