www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 13, 2012

မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ ကျင်းပမည်

မြန်မာ-ထိုင်း စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၃)ရက်နေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် နှင့် ထိုင်းနိုင်ငံBoard of Trade of Thailand မှ ဥက္ကဋ္ဌ Mr.Phongsak Assakul ဦးဆောင်သော Board of Trade of Thailand နှင့် Thai Chanber of Commerce တို့မှ စီးပွားရေး လုပ်ငန်းရှင် ၂၅ ဦးခန့် ပါဝင်သော အဖွဲ့တို့ ပူးပေါင်း၍ မြန်မာ-ထိုင်း စီးပွားရေး လုပ်ငန်းများ အလိုက် တွေ့ဆုံ ဆွေးနွေးပွဲ Business Meeting and Matching ကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် UMFCCI Office Tower ရှိ ပထမထပ် ခန်းမကြီး၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ Business Meeting and Matching သို့ တက်ရောက် လိုသော မြန်မာ စီးပွားရေး လုပ်ငန်းရှင် များသည် UMFCCI Website,www.umfcci.net တွင်လည်းကောင်း၊ ဖုန်း ၀၁၂၁၄၃၄၄ ၊ ၂၁၄၃၄၉ (လိုင်းခွဲ-၁၁၇ ၊ ၁၅၀) တို့တွင် လည်းကောင်း ဆက်သွယ် စုံစမ်းကာ စာရင်း ပေးသွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger