www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2012

အခြေခံ ရုံးလုပ်ငန်း ကျွမ်းစကျင်မှု သင်တန်း ဖွင့်လှစ်မည်

အခြေခံ ရုံးလုပ်ငန်း ကျွမ်းစကျင်မှု သင်တန်း ဖွင့်လှစ်မည် ဒီဇင်ဘာ(၁၄)ရက်နေ့ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ် အမျိုးသမီးများ လူနေမှု ဘ၀ မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ နှင့် မြန်မာ ကွန်ပျူတာ ကုမ္ပဏီ လီမိတက် MCC တို့ ပူးပေါင်း စီစဉ်မှုဖြင့် အခြေခံ ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်း များကို ဒီဇင်ဘာ ၂၂ ရက်တွင် လှိုင်သာယာ (န၀ဒေး) MCC ၊ တောင်ဥက္ကလာ MCC ၊ ဒဂုံမြို့သစ် မြောက်ပိုင်း MCC တို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ သင်တန်း တစ်နေရာ တွင် အမျိုးသမီး ၁၀ ဦးသာ လက်ခံ သင်ကြား ပေးမည် ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ များ ဖြစ်ရမည် ဖြစ်သည်။ သင်တန်း ကာလမှာ ၂ လ ဖြစ်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေ နှင့် တနင်္လာနေ့ တို့တွင် ညနေ ၆ နာရီမှ ည ၇ နာရီခွဲ အထိ တက်ရောက်ရမည် ဖြစ်သည်။ သင်တန်းဝင်ခွင့် လျှောက်လွှာ များကို ဒီဇင်ဘာ ၁၃ ရက်မှစ၍ စတင် ရောင်းချပေးမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက် နောက်ဆုံး ထား၍ လျှောက်လွှာ တင်ရမည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁၃၇၉၂၃၁ သို့ ရုံးချိန် အတွင်း ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger