www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2012

သက်ကြီးဆရာဝန်များ စင်တာတွင် ဟောပြောပွဲ ကျင်းပမည်

သက်ကြီးဆရာဝန်များ စင်တာတွင် ဟောပြောပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၄)ရက်နေ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း သက်ကြီး ဆရာဝန်များ ထောက်ကူအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ တာမွေ မြို့နယ်၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ အမှတ်၁၄(က) ရှိ သက်ကြီး ဆရာဝန်များ စင်တာ Day Care Centre တွင် ဒီဇင်ဘာလ ဟောပြောပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၂၂ ရက် (စနေနေ့) မွန်းလွဲ ၁ နာရီတွင် ဒေါက်တာလှကြည် (ဒုညွှန်မှူး-ငြိမ်း၊ အာဟာရ) က အရိုး ကျန်းမာရေး အတွက် မျှတသော အာဟာရ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒီဇင်ဘာ ၂၃ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီတွင် ပါမောက္ခ ဒေါက်တာ မြင့်ဇံ က ကျွန်တော့် အပေါ် လွှမ်းမိုးမှု ရှိသော အသက် ၉၀ ကျော် သက်ကြီးများ အကြောင်း တစေ့ တစောင်း တင်ပြချက် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြော ကြမည်ဖြစ်ရာ စိတ်ပါ ၀င်စားသူ မည်သူမဆို တက်ရောက် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger