www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 13, 2012

မြန်မာရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည်

မြန်မာရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၃)ရက်နေ့ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဒီဇင်ဘာ ၁၄/၁၅ ရက်နေ့များတွင် မန္တလေး၊ မဟာအောင်မြေ မြို့နယ်၊ ၃၅ လမ်း၊ ၇၁ လမ်းထောင့်ရှိ အားကစားကွင်း တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး တွင် အာရှ မွေထိုင်း ချန်ပီယံ ဒုတိယဆုရ ထွန်းထွန်းမင်း နှင့် ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်ဆုရ စောပဂရေမှူး၊ တကျော့ပြန် လက်သီးဘုရင် အောင်အောင် နှင့် မွေထိုင်း ချန်ပီယံ စောတင်းပုတ် (အင်္ဂလန်)၊ ရွှေခါးပတ် ချန်ပီယံ ဒဂုန် အောင်လ့ ဆုရှင် စိုးထက်ဦး နှင့် သာစည်အောင်လံ ဆုရှင် လေးညို့ရှင်၊ ရွှေဖလား နှင့် ရဲတံခွန်၊ ညီလေးမိုက်ခဲ နှင့် စောဇော်မင်း၊ ၁၂ တောင်ကျား နှင့် ရွှေကျား၊ ရဲရင့်ထွန်း နှင့် သဲတစ်ပွင့်၊ ကျွဲကြီး နှင့် အောင်ဘဒင်၊ 5.K နှင့် ရွှေစွန်ညို၊ တက်လူနှင့် ဇွဲကျောင်းသား၊ ဒိန်း နှင့် ပုဝါဖြူ စသည် တို့က အကြိတ်အနယ် ယှဉ်ပြိုင် ထိုးသတ် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger