ကလိုရင်းဖြင့် သန့်စင်ထားသောရေမှာ ကျိုချက်ထားသော ရေထက်ပင် ပိုမိုစိတ်ချရ
ဒီဇင်ဘာ(၁၂)ရက်နေ့
ကလိုရင်းဖြင့် သန့်စင်ထားသော ရေမှာ ကျိုချက်ထားသော ရေထက်ပင် မိုမိုကာ စိတ်ချမှု ရှိနိုင်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိ ဆရာဝန်ကြီး တစ်ဦးက ကျိုချက်ထားတဲ့ ရေဟာ ချက်ခြင်း သောက်လို့ မရဘူး။ အအေးခံထားရတယ်။ အအေးခံ ထားတဲ့ အချိန်မှာ အသုံးပြုတဲ့ ခွက်တွေ၊ လေတိုက်လို့ ဖုန်မှုန့်တွေ ၀င်လာတာပဲ ဖြစ်ဖြစ် စတဲ့ ပတ်ဝန်းကျင် အခြေအနေ တွေက ရေသန့်ရှင်းမှု အပေါ် အကျိုးသက်ရောက်မှု ရှိစေတတ် သောကြောင့် ကလိုရင်း ခတ်ထားတဲ့ ရေတွေဟာ ရောဂါပိုးကို သန့်စင်ပြီး ဖြစ်လို့ ကျိုချက်တဲ့ ရေနဲ့တောင် ယှဉ်ပြီး လေ့လာ ကြည့်တဲ့ အခါ စိတ်ချရတာ ဖြစ်တာကို တွေ့ရတယ်ဟု ရှင်းပြကြောင်း သိရသည်။ အချို့သော ရေကျိုချက်မှု များတွင် သေချာစွာ မကျိုချက်ဘဲ သောက်သုံးမှု ကြောင့် ကျန်းမာရေး ထိခိုက်စေတာ ၀မ်းဗိုက်နှင့် ပတ်သက်သော ရောဂါ ဆိုးကျိုးများ ရရှိစေနိုင်ကြောင်း သိရသည်။ ထိုထက် အရေးကြီး သည်မှာ ကိုင်တွယ်သောလက် သန့်ရှင်းစေခြင်း၊ ထားသို အသုံးပြုသည့် ပစ္စည်းများလည်း သန့်ရှင်း စင်ကြယ်မှု ရရှိရေး လိုအပ်ပြီး ဖုံးအုပ်ထား နိုင်ရန် လည်း လိုအပ်ကြောင်း သိရှိရသည်။
No comments:
Post a Comment