www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2012

နိုင်ငံတကာ ကုန်စည်နှင့် ကားပြပွဲ ကျင်းပမည်

နိုင်ငံတကာ ကုန်စည်နှင့် ကားပြပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၄)ရက်နေ့ SMART Business Group ၏ National Expo & Car Show ပြပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။ အဆိုပါ ပြပွဲတွင် မော်တော်ယာဉ် အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်း အီလက်ထရောနစ် ပစ္စည်းများ၊ အိမ်ရာ ပြခန်းများ၊ ပရိဘောဂ ပစ္စည်းများ၊ အိမ်တွင်း အလှဆင် ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်း အမျိုးမျိုး၊ အသင့်ချုပ် အ၀တ်အထည် များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ အိမ်သုံး ဆေးဝါးများ၊ စားသောက်ကုန် ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ ပါဝင် ပြသထားမည် ဖြစ်ပြီး ပြခန်းများ စုံစမ်းလိုပါက ဖုန်း ၀၁၆၅၆၈၇၅ ၊ ၀၉၇၃၀၁၄၇၇၇ သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger