www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 14, 2012

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမှိုက်မှ လျှပ်စစ် ထုတ်ရန် ကုမ္ပဏီ ၃၀ ကျော် ကမ်းလှမ်း

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမှိုက်မှ လျှပ်စစ် ထုတ်ရန် ကုမ္ပဏီ ၃၀ ကျော် ကမ်းလှမ်း ဒီဇင်ဘာ(၁၄)ရက်နေ့ ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီပေါင်း ၃၀ ကျော်ခန့်က အမှိုက်မှ လျှပ်စစ် ဓာတ်အား ထုတ်လုပ် နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ လာရောက် ကမ်းလှမ်း ထားကြောင်း ပတ်ဝန်းကျင် သန့်ရှင်းရေး ဌာနမှ ဌာနမှူး၏ ပြောကြားချက် အရ သိရသည်။ ကုမ္ပဏီပေါင်း ၃၀ ကျော် အနက်မှ မစ်ဆူဘီရှီ ကုမ္ပဏီ၏ တန် ၁၀၀၀ မီးရှို့စက်မှာ ဒေါ်လာသန်း ၂၀၀ ကုန်ကျမှာ ဖြစ်ပြီး စက်မှာ နှစ် ၂၀ ခန့် ခံပြီး တစ်နှစ်လျှင် တစ်ကြိမ် ရပ်နားနိုင် ကြောင်း သိရသည်။ မစ်ဆူဘီရှီ ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ တွင် လုပ်ကိုင်ခွင့် ရရှိပါက ကုန်ကျမည့် ချေးငွေကို အတိုးနှုန်း သက်သာစွာ ဖြင့် အချိန် ကြာမြင့်မှ ပေးဆပ်နိုင် ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် Wave to energy နှင့် ပတ်သက်၍ MoU ရေးထိုး ထားသော ကုမ္ပဏီ မရှိသေး ကြောင်းနှင့် ၄င်းလုပ်ငန်း ကို အကောင် အထည် ဖော်ရန် လတ်တလော အနေဖြင့် မဖြစ်နိုင် သေးကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger