www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 13, 2012

ဆေးဖက်ဝင် အာနိသင်များစွာ ပါဝင်သော ရဲယို

ဆေးဖက်ဝင် အာနိသင်များစွာ ပါဝင်သော ရဲယို ဒီဇင်ဘာ(၁၃)ရက်နေ့ မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသ အနှံ့အပြားတွင် ပေါက်ရောက်လေ့ ရှိသော ရဲယိုတွင် ဆေးဖက်ဝင် အာနိသင် များစွာ ပါဝင်နေကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း (ရန်ကုန်)မှ တိုင်းရင်း သမားတော် တစ်ဦးက ပြောကြားခဲ့သည်။ ယင်းက ရဲယိုတွင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ် အမျိုး ၂၀ ကျော် ပါဝင်ကြောင်း၊ ရဲယိုက အဓိက အားဖြင့် မြစ်ပွားနာ လို့ခေါ်သည့် ကင်ဆာ အတွက် အထူး ကောင်းမွန်ပြီး အဆုတ်ရောဂါ၊ နာကျင် ကိုက်ခဲမှု အမျိုးမျိုး၊ လေးဖက်နာ၊ လေငန်းရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါ၊ ဆီးချို တို့အတွက်လည်း ဆေးဖက်ဝင် အာနိသင်တွေ ပါရှိနေကြောင်း တွေ့ရသည်ဟု ပြောကြား ခဲ့သည်။ မြန်မာရဲယိုမှ ထုတ်လုပ်သော ဆေးဝါးများမှာ ပြည်ပ ဈေးကွက်တွင် ၀ယ်လိုအား ကောင်းမွန် လာခဲ့ပြီး လက်ရှိတွင် အရှေ့အလယ်ပိုင်း နိုင်ငံများ၊ ကိုရီးယား၊ ဗီယက်နမ်၊ စင်္ကာပူ၊ အိန္ဒိယ နှင့် ဂျပန် နိုင်ငံများသို့ ထိုးဖောက် တင်ပို့လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger