www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 5, 2012

ကျောက်စိမ်း ကျောက်မျက် အတတ်ပညာသင်တန်း အမှတ်စဉ်(၁၇) ဖွင့်မည်

ကျောက်စိမ်း ကျောက်မျက် အတတ်ပညာသင်တန်း အမှတ်စဉ်(၁၇) ဖွင့်မည် ဒီဇင်ဘာ(၅)ရက်နေ့ ကျောက်စိမ်း ကျောက်မျက် ရတနာလုပ်ငန်းများကို နိုင်ငံတော် အစိုးရမှ တရားဝင် မှတ်ပုံတင် လုပ်ကိုင်ခွင့် များ ရရှိချိန် ဒေသခံ ပြည်သူ များ ဆင်းရဲ နွမ်းပါးမှု လျော့နည်းရေး အလုပ် အကိုင် အခွင့် အလမ်းများ ရရှိရေး ကို တာဝန်ရှိသူ များနှင့် အသိပညာရှင် အတတ် ပညာရှင် များက လည်း တဖက် တလမ်းမှ တာဝန်ယူ ဆောင်ရွက် လျက် ရှိရာ ကျောက်စိမ်း ကျောက်မျက် အတတ်ပညာ သင်တန်း အမှတ်စဉ် (၁၇/၂၀၁၂) ကို ဒီဇင်ဘာ ၆ ရက်မှ စတင်ကာ ဇန်န၀ါရီ ၅ ရက်နေ့ အထိ တစ်လကြာ မြစ်ကြီးနား မြို့၌ ဖွင့်လှစ် သွားမည် ဖြစ်သည်။ အဆိုပါ သင်တန်းတွင် ကျောက်မျက် ပညာရှင် ဆရာကြီး ဦးကို က ကျောက် ပွဲစား၊ ကျောက် အရောင်း အ၀ယ်၊ ကျောက်ဖြတ်၊ အရောင်တင်၊ ကွမ်၊ အရိုင်းတုံး နှင့် ဖြတ်သား ၀ယ်ယူ ရောင်းချ နည်း၊ ကျောက် ကောင်း အရည် အချင်း စစ်ဆေး နည်း၊ ကျောက်စိမ်း တူးဖော် ရှာဖွေခြင်း နည်း နိဿရများ ကို စာတွေ့ လက်တွေ့ သင်ကြား ပေးမည် ဖြစ်ပြီး တက်ရောက် လိုသူများ စီတာပူ ရပ်ကွက် နယ်မြေ(၃)၊ အိမ်အမှတ် (၁၅) သင်တန်းခန်းမ နှင့် ဖုန်းနံပါတ် ၀၉၄၇၀၈၂၄၂၅ ၊ ၀၉၄၇၀၇၇၁၆၈ တို့ကို ဆက်သွယ် မေးမြန်း စုံစမ်းနိုင် ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger