www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 26, 2012

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း တိုင်းဒေသကြီး အစိုးရနှင့် JICA ပူးပေါင်းဆောင်ရွက်မည်



ရန်ကုန် ၊ ၂၆-၁၁-၂၀၁၂

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ ( JICA) တို့ ပူးပေါင်းပြီး မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို စတင် အကောင် အထည် ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အကောင် အထည်ဖော် မည့် စီမံကိန်းတွင် ရန်ကုန်မြို့ အပါအ၀င် သန်လျင် ၊ ကျောက်တန်း ၊ မှော်ဘီ ၊ လှည်းကူး ၊ ထန်းတပင် နှင့် တွံတေးမြို့ များအထိ ပါဝင်မည် ဖြစ်ပြီး စီမံကိန်းတွင် သန်ရှင်းသော ရေ ၊ သန့်ရှင်းသော ပတ်ဝန်းကျင် တွင် ပြည်သူလူထု နေထိုင်နိုင်ရန် အပြင် သက်တောင့် သက်သာ စွာဖြင့် လွယ်ကူ အဆင်ပြေ ချောမွေ့ စေမည့် သယ်ယူ ပို့ဆောင်ရေး စနစ်များ ဖြစ်ပေါ် စေ ရန် ဆောင် ရွက် ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း အကောင် အထည်ဖော် မည့်ကာလမှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ အထိ ပထမ အဆင့် အနေဖြင့် ဆောင်ရွက်  သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် မတ်လမှ ဒီဇင်ဘာလ အထိ ဒုတိယ အဆင့်ကို အကောင် အထည်ဖော် သွားမည် ဖြစ်သည်။

ရန်ကုန်မြို့သည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များရှိသည့် အပြင် အဓိက အချက်အခြာ ကျသော စီးပွားရေး မြို့တော် ဖြစ်ရာ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် JICA အဖွဲ့က အဆိုပါ စီမံကိန်းကို ဦးဆောင် ရေးဆွဲ ထားကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger