ရန်ကုန် ၊ ၂၀-၁၁-၂၀၁၂
ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ
မြို့နယ် ၊ ဥက္ကလာပ စေတီတော် ရှေးဟောင်း သမိုင်းဝင် ခုနှစ်ဆူ ဘုရားနှင့် အောင်တော်မူ
စေတီမြတ်ကြီး၏ (၁၁)ကြိမ်မြောက် တန်ဆောင်တိုင် ပွဲတော်နှင့် (၅)ကြိမ်မြောက် မသိုးရွှေကြာ
သင်္ကန်း ရက်လုပ် ပြိုင်ပွဲကို ၁၃၇၄ ခုနှစ် ၊ တန်ဆောင်မုန်း လဆန်း (၁၄)ရက် ၊ နိုဝင်ဘာ
၂၇ ရက်နေ့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့
၊ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်တွင် ဗုဒ္ဓ ရုပ်ပွားတော် (၁၀)ဆူအား မသိုး ရွှေကြာ သင်္ကန်းများ
ဆက်ကပ် ပူဇော်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မသိုးရွှေကြာ သင်္ကန်း ရက်လုပ်
ပြိုင်ပွဲကို စင်တော်ကြီး (၇)စင်ဖြင့် ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး ပထမ ၊ ဒုတိယ၊ တတိယ
ဆုများအပြင် နှစ်သိမ့်ဆု များကိုလည်း ထိုက်ထိုက် တန်တန် ချီးမြှင့် သွားမည် ဖြစ်ကြောင်း
သိရှိရသည်။
No comments:
Post a Comment