www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2012

မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်စည်ပြပွဲ ဒီဇင်ဘာတွင် မူဆယ်၌ ကျင်းပမည်



ရန်ကုန် ၊ ၂၇-၁၁-၂၀၁၂

၂၀၀၀ ပြည့်နှစ်မှ စတင် ကျင်းပခဲ့သော မြန်မာ - တရုတ် ကုန်စည်ပြပွဲ ကို အလှည့်ကျ ကျင်းပခဲ့ရာ ၂၀၁၂ ခုနှစ် ၊ (၁၂) ကြိမ်မြောက် ကုန်စည်ပြပွဲ ကို ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်ထိ မြန်မာနိုင်ငံ မူဆယ်မြို့ တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မူဆယ် မြန်မာ - တရုတ် နှစ်နိုင်ငံ ကုန်စည် ပြပွဲတွင် ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ပါဝင်ပြသ ရောင်းချ သွားမည်ဖြစ်ရာ မြန်မာနိုင်ငံက ကျောက်မျက် ၊ ကျောက်စိမ်း ရတနာ ၊ ဈေးကွက် ရှိနေသော မွေးမြူေ ရး နှင့် ရေထွက်ပစ္စည်း ၊ သမ၀ါယမ အရောင်း ပြခန်းများ ပါဝင်ပြသ ရောင်းချ သွားမည် ဖြစ်သည်။ တရုတ် နိုင်ငံမှလည်း မြန်မာ နိုင်ငံသို့ တင်ပို့ ရောင်းချ နေသော ဆောက်လုပ်ရေး ပစ္စည်းများ ၊ လျှပ်စစ် ပစ္စည်းများ အဓိကထား ပြသ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က တရုတ်နိုင်ငံ ၊ ရွှေလီတွင် ကျင်းပခဲ့ရာ ယခု ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ မူဆယ် ကုန်သွယ်ရေး ဇုန်တွင် ကျင်းပသွားမည် ဖြစ်ပြီး နှစ်စဉ် ပါဝင်သော အာရှတိုက် နိုင်ငံများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် ၊ ထိုင်း နှင့် လာအို နိုင်ငံများမှလည်း ပါဝင် ပြသရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger