www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 29, 2012

Myanmar International Modern Lifestyle, Fashion and Beauty Show 2012 ကျင်းပမည်




ရန်ကုန် ၊ ၂၉-၁၀-၂၀၁၂

International Exhibition Management Services _ IEMS ကုမ္ပဏီမှ ကြီးမှူး ကျင်းပမည့် Myanmar International Modern Lifestyle, Fashion and Beauty Show 2012 ကို ၂၀၁၂ ခုနှစ် ၊ နိုဝင်ဘာ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပြည်တွင်း ကုမ္ပဏီများနှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများ စုပေါင်းကာ ပြခန်းပေါင်း ၁၅၀ ကျော်၌ အလှကုန် နှင့် လူသုံးကုန် ပစ္စည်းများ ၊ အ၀တ်အထည် နှင့် ဖက်ရှင် အသုံးအဆောင် ပစ္စည်းများ ၊ လက်ဝတ် ရတနာ နှင့် Fancy ပစ္စည်းများ ၊ အနောက်တိုင်း မင်္ဂလာ ၀တ်စုံများ ၊ ချိတ် နှင့် ပိုးထည်များ ၊ ကလေး အ၀တ်အစားများ ၊ အိမ်တွင်း အလှဆင် ပစ္စည်းများ ၊ ကြမ်းခင်းများ ၊ အီလက် ထရောနစ် နှင့် လျှပ်စစ် ပစ္စည်းများ ၊ ခေတ်မီ ပရိဘောဂ အသစ် အဆန်းများ ၊ စားသောက်ကုန် ပစ္စည်းများ ၊ စာရေး ကိရိယာများ ၊ ပလပ်စတစ် ပစ္စည်းများ နှင့် ဆေးဝါးမျိုးစုံ တို့ကို ပြသ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲရက်များ အတွင်း ထိုင်းနိုင်ငံ အခြေစိုက် Niranrat School မှ မော်ဒယ်လ် များနှင့် Talents and Models Agency မှ မြန်မာ မော်ဒယ်လ်များ ပူးပေါင်းကာ ဖက်ရှင် နှင့် ပတ်သက်သည့် ဖျော်ဖြေရေး အစီအစဉ် များနှင့် သရုပ်ပြ တင်ဆက်မှု အစီအစဉ် တို့အား ထည့်သွင်း ထားပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ခင်းကျင်း ပြသမည် ဖြစ်ကြောင်း နှင့် မည်သူမဆို ၀င်ရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger