www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2012

အာဆီယံ ICT ဆု နိုဝင်ဘာလအတွင်း ပေးအပ်ချီးမြှင့်မည်




ရန်ကုန် ၊ ၁၈-၁၀-၂၀၁၂

ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပမည့် အာဆီယံ အိုင်စီတီ ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံ ၀င်ရောက် ရွေးချယ်ခံရမည် ဖြစ်ကြောင်း သိရသည်။ အာဆီယံ နိုင်ငံများအကြား အိုစီတီကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အာဆီယံ အိုင်စီတီဆုကို ပေးအပ်မည် ဖြစ်ပြီး အဆိုပါဆုကို ယခုနှစ် နိုဝင်ဘာလတွင် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နည်းပညာဆိုင်ရာ အာဆီယံ အိုင်စီတီဆုကို အာဆီယံ ၁၀ နိုင်ငံမှ သက်ဆိုင်ရာ ပညာရှင်များ အပါအ၀င် နိုင်ငံတကာမှ ပညာရှင်များ လာရောက် ဆုံးဖြတ် ရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအာဆီယံ အိုစီတီဆုကို ၁၂ ကြိမ်မြောက် အာဆီယံ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ဆုချီးမြှင့်ရန် စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger