www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 5, 2012

မန္တလေး စွယ်တော်မြတ် စေတီတော် ဥယျာဉ်တော် (၁၈)ရပ် တည်ဆောက်မှု စီမံကိန်း




မန္တလေး ၊ ၅-၁၀-၂၀၁၂

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ် ၊ တောင်စလင်း တိုက်သစ် ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ (အဂ္ဂမဟာပဏ္ဍိတ) ဦးဆောင်သော နယ်စပ်တောင်တန်း နှင့် ကမ်းရိုးတန်း ဒေသ ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားရေး အသင်းချုပ်နှင့် မန္တလေး စွယ်တော်မြတ် စေတီတော် ဂေါပကအဖွဲ့တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥယျာဉ်တော် (၁၈)ရပ် တည်ဆောက်မှု စီမံကိန်းတွင် အနယ်နယ် အရပ်ရပ်မှ လာရောက် လှူဒါန်းလျက်ရှိရာ ဗောဓိပင် ၁ ပင် ၊ ရုပ်ပွားတော် ၁ ဆူ အတွက် ငွေကျပ် ၅၀၀၀၀ ဖြင့် ကုသိုလ်ပြု လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါ ဗောဓိပင် အမျိုးအစားထဲတွင် ဘုရားရှင်များ အမှီပြု ပွင့်ထွန်းတော်မူရာ အင်ကြင်းပင် ၊ ညောင်ဗုဒ္ဓဟေပင် ၊ လင်းလွန်းပင် ၊ ကံ့ကော်ပင် ၊ သရက်ဖြူပင် ၊ စန္ဒကူးပင် ၊ ပိတောက်ပင် အစရှိသည့် အပင် အမျိုး ၂၀ ၊ အပင်အရေအတွက် ၂၀၃၇ ပင်အား စိုက်ပျိုးပြီး ဗောဓိပင်တို့၏ ပင်ခြေတွင် ဗုဒ္ဓဆင်းတုတော်များကို တည်ထား ပူဇော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger