www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 27, 2012

သက်တော်ရှည် ဆရာတော်ကြီးများအား ပူဇော်ပွဲ ကျင်းပ




ပခုက္ကူ ၊ ၂၇-၁၀-၂၀၁၂

မကွေးတိုင်း ဒေသကြီး ၊ ပခုက္ကူမြို့ ၊ အောင်မြေ ရတနာ ကျောင်းတိုက်၌ အလှူရှင် ဦးအာဒိစ္စ (ရွှေကန်သား - ပခုက္ကူ) မှ ဒသမ အကြိမ်မြောက် သက်တော်ရှည် ဆရာတော် ကြီးများအား ပူဇော်ပွဲကို ကျင်းပရာ ဖော်ပြပါ သက်တော်ရှည် ဆရာတော်ကြီးများ ကြွရောက် ကြကြောင်း သိရသည် -


  • ဆရာတော် ဦးနေမိန္ဒ (အဘိဓဇ မဟာရဋ္ဌဂုရု) ၊ သက်တော် (၉၁)နှစ် ၊ မဟာဝိဇယာ ရာမတိုက်။
  • ဆရာတော် ဦးဝိစာရ (နိုင်ငံတော် သြ၀ါဒ စရီယ) ၊ သက်တော် (၈၁)နှစ် ၊ မဟာဝိသုတာ ရာမတိုက်။
  • ဆရာတော် ဦးနန္ဒောဘာ ၊ သက်တော် (၉၁)နှစ် ၊ သူကြီးတောင်ကျောင်း။
  • ဆရာတော် ဦးဇ၀န (စာချ) ၊ သက်တော် (၈၄)နှစ် ၊ မဟာဝိသုတာ ရာမတိုက်။
  • ဆရာတော် ဦးစိန္တိတ ၊ သက်တော် (၈၀)နှစ် ၊ စည်သာ မဟာဝိသုတာ ရာမတိုက်။
  • ဆရာတော် ဦးသြဘာသ ၊ သက်တော် (၇၅)နှစ် ၊ မင်းကျောင်းတိုက်။
  • ဆရာတော် ဦးဝါသ၀ ၊ သက်တော် (၇၁)နှစ် ၊ ပေါင်လောင်ကန် ကျောင်းတိုက်။


ဆရာတော်များအား အလှူရှင် ဦးအာဒိစ္စ (ရွှေကန်သား - ပခုက္ကူ) စာရေးဆရာ ဆရာတော် မှ သင်္ကန်း ၊ ထီး ၊ ဖိနပ် ၊ န၀ကမ္မ ၀တ္ထု ငွေများ ဆက်ကပ် သာဓု အနုမောဒနာ ခေါ်ဆိုပြီး စိရံတိတ္တတု သုံးကြိမ် ရွက်ဆို၍ အခမ်းအနား ပြီးဆုံးပြီးနောက် ပေါင်လောင်ကန်ရွာ သီရိမင်္ဂလာ ကျောင်းတိုက်တွင် သက်ကြီး ၊ ၀ါကြီး ဘိုးဘွား (၃၆)ဦး အား အိပ်စောင် ၊ စတီးချိုင့် ၊ ဆေးဝါး ပစ္စည်းမျိုးစုံ နှင့် အလှူဒါန ပြုခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger