မန္တလေး ၊ ၂၀-၁၀-၂၀၁၂
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ
၊ အဆောက်အဦနှင့် ကုန်ရုံဌာနမှ စီးပွားရေး ကြော်ငြာ ဆိုင်းဘုတ်များအား စည်းကမ်းချက်များ
နှင့် ညီညွတ်မှသာ လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတ်မှတ်ထားသော စည်းကမ်းချက်
များမှာ ကြော်ငြာ ဆိုင်းဘုတ်များကို အိမ်ရှင်၏ မျက်နှာစာကို ထိခိုက်မှု မရှိစေရ ၊ လျှပ်စစမီး
ဓာတ်ကြိုးများနှင့် အနည်းဆုံး ၆ ပေ ကွာရမည် ၊ ယာဉ်သွားယာဉ်လာ မြင်ကွင်းကို ကွယ်သော
အနေအထားမျိုး မဖြစ်စေရ ၊ ခိုင်ခံ့မှု ပါဝင်သော ဒီဇိုင်းပုံ ရေးဆွဲ၍ တင်ပြရမည် ၊ ယဉ်ကျေးမှု
နှင့် မလျှော်ညီသော ပုံများ မပါဝင်ရ ဟူသော သတ်မှတ်ချက်များ ပါရှိကြောင်း သိရှိရသည်။
No comments:
Post a Comment