ရန်ကုန် ၊ ၂၈-၁၀-၂၀၁၂
၂၀၁၅ ခုနှစ်မှစ၍ အာဆီယံ ဒေသတွင်း တက္ကသိုလ်များ
အဆင့်တူညီရေး အတွက် ရည်ရွယ်၍ ASEAN University Network _ AUN မှ မြန်မာနိုင်ငံသို့
သင်တန်းများ လာရောက် ပို့ချလျက်ရှိပြီး နိုဝင်ဘာလတွင် ထပ်မံ လာရောက် ပို့ချမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံ ရေကြောင်း သိပ္ပံ တက္ကသိုလ်မှ သိရသည်။
AUN မှ ၂၀၁၂ သြဂုတ် လအတွင်း
Training on Enhancing Quality Assurance သင်တန်းတွင် ရေကြောင်း တက္ကသိုလ်မှ (၁၁)ဦး
၊ ရန်ကုန် တက္ကသိုလ်မှ (၅)ဦး ၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ (၅)ဦး ၊ ကုန်သွယ် ရေကြောင်း
ကောလိပ်မှ (၄)ဦး ၊ မန္တလေး တက္ကသိုလ်မှ (၂)ဦး ၊ သမ၀ါယမ ဒီဂရီကောလိပ် မှ(၁)ဦး ၊ လေကြောင်း
ပညာ သိပ္ပံကျောင်းမှ (၂)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
AUN မှ ၂၀၁၂ မှစ၍ အာဆီယံ ဒေသတွင်း တက္ကသိုလ်များ
အားလုံး အဆင့်တူညီရေး အတွက် သင်တန်းများ ပို့ချလျက် ရှိပြီး အဓိက အားဖြင့် CLMV နိုင်ငံများ
ဖြစ်သော ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ နှင့် ဗီယက်နမ် နိုင်ငံများ၏ Quality of
Education Management ကို အခြား နိုင်ငံများနှင့် တန်းတူ သတ်မှတ်နိုင်ရန် ရည်ရွယ်ခဲ့သည်ဟု
သိရှိရသည်။
No comments:
Post a Comment