ရန်ကုန် ၊ ၅-၁၀-၂၀၁၂
နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပြားများကို
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှု မရှိသေးသော နယ်မြို့ များတွင် ပိုမိုသုံးစွဲ
လာကြကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇွန်လ မှစတင်ပြီး ဆိုလာပြား
သုံးစွဲသူများ များပြားလာပြီး ရောင်းအားကောင်း လာကြောင်း ၊ W 300 နှင့် W 260 ဆိုလာပြားကို
အများဆုံး သုံးစွဲကြကြောင်း ၊ W300 ဆိုလာပြားသည် ဘက်ထရီပို့အား ၂၀ ၊ W 260 ဆိုလာပြားသည်
ဘက်ထရီဗို့အား ၁၈ တို့နှင့် တွဲဖက် အသုံးပြုနိုင်ကြောင်း ဆိုလာပြား အရောင်းဆိုင်များမှ
သိရှိရသည်။
ဆိုလာပြားများကို လျှပ်စစ်ပစ္စည်းများနှင့်
မီးထွန်းရာတွင် အသုံးပြုကြကြောင်း အချို့ ဟိုတယ်များတွင် နေရောင်ခြည် စွမ်းအင်ကို
ရေပူ ၊ ရေအေးစက်များတွင် တပ်ဆင် အသုံးပြု လာကြကြောင်း သိရှိရသည်။
No comments:
Post a Comment